Part-3

167 26 24
                                    

သူ့အနားတိုးလာကာ သူ့ခါးတွေကိုဆွဲဖက်လိုက်တဲ့အကို့ကြောင့် Seunghan လက်ထဲက ဘီယာဘူးကို ဘေးက မီးဖိုခုံပေါ်တင်လိုက်ကာ သူ့လက်တွေကို မြှောက်ပြလိုက်သည်။

''လက်မြှောက်အရှုံးပေးပါတယ် Song Eunseok shi! ''

Eunseok သူ့ကိုရယ်ကျဲကျဲလုပ်နေတဲ့ ကောင်လေးကို နမ်းဖို့ နှုတ်ခမ်းတွေဆီ ဦးတည်လိုက်တော့ မျက်နှာကို တစ်ဖက်လှည့်သွားတဲ့ ကောင်လေး။

''ကျွန်တော်စိတ်မတိုခင် လွှတ်လိုက်ရင်ကောင်းမယ်ထင်တယ် "

''မင်းပဲငါ့ကို သဘောကျလို့ ငါ့အိမ်အထိ လိုက်လာတယ် မဟုတ်ဘူးလား မင်းသဘောကျတာကို ငါပေးဖို့ပဲလေ ''

Eunseokသူ့ကို ကြည်လင်နေတဲ့ ​မျက်လုံးတွေနဲ့ စိုက်ကြည့်လာတဲ့ ကောင်လေးကြောင့် ခါးက လက်တွေကို လွှတ်ပေးလိုက်သည်။

ထို့နောက် ထမင်းစား စားပွဲကို မှီလိုက်ကာ ဘောင်းဘီ အိပ်ကပ်ထဲရှိ ဆေးလိပ်ဗူးကိုထုတ်၍ ဆေးလိပ်တစ်လိပ်ကိုမီးညှိပြီး ကျကျ နန ဖွာနေလိုက်သည်။

''ကျွန်တော် သဘောကျတာကို ပေးဖို့.....ဘာလဲ ကျွန်တော်က တဏှာရမ္မက် ကြောင့် ခင်ဗျားကို သဘောကျတယ်လို့ ထင်နေတာလား ''

သူ့ကိုလျစ်လျူရှုကာ ဆေးလိပ်သောက်နေတဲ့ အကို့ကြောင့် Seunghanအသံကိုကျိတ်ပြီးမေးလိုက်ပေမယ့် ဆေးလိပ်ကိုသာ ဖွာရင်း တွေးတောနေတဲ့ အကိုက သူ့ဘက်ကို လှည့်မကြည့်လာ။

''မင်းအပါအဝင်ဆို ငါ့ကိုသဘောကျလို့ လိုက်ပြီး ငါနဲ့အတူအိပ်ခဲ့တဲ့ ချာတိတ်လေးတွေက ၅ယောက်ထက် မနည်းဘူး ''

Seunghan သူ့ရှေ့က ဆေးလိပ်ကိုဇိမ်ကျကျဖွာနေတဲ့ အကို့ကို ကြည့်ကာ အော်​ပြီး​တော့သာ ရယ်ချင်လိုက်သည်။

''ခင်ဗျား ဘယ်သူနဲ့အိပ်ခဲ့ပါစေ အဲ့တာခင်ဗျားသောက်ကြောင်းလေ ''

''မင်းက ဒါကို ဒေါသထွက်နေတာလား ''

''ဟား...ဒေါသ မထွက်ရအောင် ကျွန်တော်က ဘုရားရှင်မှ မဟုတ်ပဲ နောက်တစ်ခါ ခင်ဗျားနဲ့အိပ်ခဲ့ဖူးတဲ့လူတွေရဲ့အကြောင်းထပ်ပြောရင် ခင်ဗျားကိုသတ်ပစ်မယ် ''

Our Memories Where stories live. Discover now