Part 8

156 17 1
                                    

ဆွန်းဟန် အကို့ကို ဖွင့်ပြောလိုက်ပေမယ့် အကိုဘက်က ရုတ်တရက် ချသွားတဲ့ ဖုန်းကြောင့် ဘာမှန်းမသိ ကြောင်စီစီလေးဖြစ်ကာ ကျန်လို့နေခဲ့သည်။

''ဘာလဲ အကိုက ရှက်သွားတာလား''

ဆွန်းဟန် ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိကာ အိပ်ယာဝင်လိုက်တော့သည်။

အွန်းဆော့ အိပ်ယာပေါ်လူးလှိမ့်နေရင်း 'ချစ်တယ်'လို့ပြောတဲ့ကောင်လေးရဲ့ အသံကို အဖန်တလဲလဲ ကြားလို့နေမိသည်။

တစ်လကျော်လာတဲ့အထိ သူ့ရဲ့ ဖုံးကွယ်ခြင်းကိစ္စက အောင်မြင်တယ်လို့ အွန်းဆော့ ပြောလို့ရသည်။

ကြားထဲဆိုဟီးလေးကလည်း ကူဖုံးပေးနေတာကြောင့် သူ့အိမ်မှာ ဟယ်ရင်းလာနေတဲ့ကိစ္စကို ဆွန်းဟန်လုံးဝသိမနေ။

အွန်းဆော့ ကောင်လေးဆီက ''ချစ်တယ်''လို့ တဖွဖွပြောထားသော စာတိုလေးတွေကိုဖတ်ရင်း ပြုံးနေမိသည်။

အလုပ်ကိုလဲ ဒီရက်ပိုင်းတွေထဲ အိမ်မှာပဲ လုပ်ပေး ဖြစ်တာကြောင့် အပြင် Commission တွေကို အွန်းဆော့လက်မခံဖြစ်သေး ။

ကျောင်းကိုလည်း ခွင့်တိုင်ထားပြီး အိမ်ကနေပဲ တစ်ချို့Projectတွေကို ဝိုင်းကူညီပေးဖြစ်သည်။

အွန်းဆော့ရဲ့အေးချမ်းနေတဲ့အခြေအနေက အဲ့ဒီ့နေ့မှာ ပျက်စီးသွား​တော့သည်။

ဆွန်းဟန် အမေဖြစ်သူ Korea ကို ခဏအလည်ရောက်လာတာကြောင့် အပြင်မှာမုန့်ထွက်စားဖြစ်ကြသည်။

''သားလေး ဒီမှာနေရတာ အဆင်ပြေရဲ့လား''

''အွန်းပြေပါတယ် မေမေသာ ကျန်းမာရေးဂရုစိုက်''

''အဲ အဲ့လိုဆိုမှ မေမေအပြန်ကျရင် H.Kဆေးရုံ ဝင်စရာလေးရှိသေးတယ်''

''မေမေ နေမကောင်းဘူးလား ''

''အဲ့လိုမဟုတ်ပါဘူး သားဖေဖေရဲ့ သူငယ်ချင်းဆီ ခဏဝင်တွေ့ချင်လို့။ သူကလဲ သားဖေဖေအတွက် ဂျင်ဆင်းပင် ထည့်ပေးလိုက်ချင်လို့တဲ့ ခဏလေးပဲ သားလိုက်ခဲ့လို့ရမလား''

''ဟုတ် ရပါတယ် ''

ဆွန်းဟန်မေမေနဲ့ တနေကုန် မြို့ပတ်ပြီး H.Kဆေးရုံရှေ့မှာ မေမေက ကားရပ်လိုက်တာကြောင့် ကားပေါ်က ဆင်းပြီး ဆေးရုံဝန်းထဲသို့ ဝင်လိုက်သည်။

Our Memories Where stories live. Discover now