အွန်းဆော့ ပန်းချီဆွဲနေပေမယ့် သူ့အာရုံက လုံးဝ မရ ။မနက်က သူ့နှုတ်ခမ်းကို နမ်းသွားတဲ့ ကောင်လေးဆီ အာရုံရောက်လို့နေမိသည်။
ပုံမှန်တခြားသူတွေနဲ့လဲ Skinshipတွေ နမ်းဖူးတာတွေရှိပေမယ့် အတွေးထဲက မောင်းထုတ်လိုက်ရင်မေ့ထားလို့ရသည်။
အခုဟာက ၃စက္ကန့်တောင် မပြည့်လိုက်တဲ့ အနမ်းပိစိလေးကို သူက စိတ်ရှုပ်ခံကာ တွေးနေမိသည်တဲ့လား။
''အာ...ရူးတော့မှာပဲ ''
''ဗျာ''
သူ့ရဲ့ညည်းညူသံကြောင့် သူ့ရှေ့ခုံက ဆရာတစ်ယောက်က ပြူးကြောင်ကြောင်လေးကြည့်လာသည်မို့ အွန်းဆော့ခေါင်းကို ခါရမ်းပြကာ နားနေခန်းထဲက ကျောင်းဝင်းထဲ ထွက်လာခဲ့မိသည်။
ဘာရယ်မဟုတ် သူ့အကြည့်တို့က ဘက်စကတ်ဘောကွင်းထဲက နားထင်အောက်နားက ဆံပင်ကို ရှိတ်ထိုးထားတဲ့ ကောင်လေးဆီ ရောက်လို့သွားပြန်သည်။
''ဟုန်းဆွန်းဟန်... မင်းက ငါ့ကိုအာရုံတွေ အရမ်းစားတာပဲ ငါမင်းကို ပါးပါးလေးပုပ်ပေးရမှာပေါ့ ဒါကလည်း ငါ့အပြစ်တော့ မဟုတ်ဘူးမလား''
အွန်းဆော့ ဘက်စကတ်ဘောကွင်းထဲက ပြေးလွှားခုန်ပေါက်နေတဲ့ ယုန်ဖြူလေးကို လျစ်လျူရှုကာ ဗိသုကာဌာနဘက် လျှောက်လို့လာသည်။
............................................................ဆွန်းဟန်ဒီနေ့ မနက်ကတည်းက ဘာမှ မစားလာပဲ ဘက်စကတ်ဘောကွင်းထဲ ကစားပြီး အတန်းထဲ ပြန်ရောက်လာတာကြောင့် လွယ်အိတ်ထဲက ပါလာတဲ့ sandwichထုတ်ကာ စားဖို့ပြင်လိုက်သည်။
မုန့်ကို တစ်ကိုက် ကိုက်နေတုန်း ရှေ့ကဝင်လာတဲ့ ဆရာဖြစ်သူ အကိုအွန်းဆော့ကြောင့် စားနေလက်စ မုန့်က ပြုတ်ကျသွားရသည်။
''ကဲ ဒီနေ့ကစပြီး ဗိသုကာမေဂျာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေးဆွဲနည်းအပိုင်းကို တာဝန်ယူပေးမယ့် ဆရာဆောင်းအွန်းဆော့ ဖြစ်ပါတယ် အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ် ''
''မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ် ဆရာ ''
အားလုံးက တပြိုင်ထဲ ခေါင်းငုံ့အရိုသေပေးလိုက်တာကြောင့် ဆွန်းဟန်လည်း တစ်ခန်းလုံးနဲ့အတူတူ ဘုမသိ ဘာ့မသိ ပုံစံနဲ့ ကြောင်တောင်တောင်လေး အရိုအသေပေးလိုက်ရသည်။