2

465 98 4
                                    


"မင်းရောသေချာခဲ့ရဲ့လား ~ ငါ့ကိုစွန့်လွှတ်ဖို့မင်းတကယ်အဆင်သင့်ဖြစ်ခဲ့တာရောဟုတ်ရဲ့လား ~ in the end ~ in the end ~  i'm falling again"

ခပ်ဟောင်းဟောင်းတူရိယာသံလေးတွေနဲ့သီဆိုတီးခက်ထားသော သီချင်းဟာ နားထောင်လိုက်သူတိုင်းအတွက် ချစ်ခဲ့ဖူးတဲ့လူတစ်ယောက်နဲ့အတိတ်ကိုပြန်လွမ်းစရာကောင်းစေပြီး ခုတလောမှာတော့ Shopping Mall က Coffee ဆိုင်တွေမှာ အဖွင့်များတဲ့ သီချင်းဖြစ်နေသည်။

"Black Ribbon" Album က ခေါင်းစဉ်ရော Title Track ရော ထွက်ထားတဲ့ MV ရောက  Pop Music Type ဖြစ်ပေမယ့် အခွေထဲမှာ ဒီလိုသီချင်းအေးအေးလေးတွေလည်းပါသေး၏။ တစ်ခွေလုံးကိုခြုံငုံကြည့်လိုက်ရင်တော့ အချစ်သီချင်းခွေပါပဲ။ အချစ်တစ်ခုကြောင့်ဖြစ်လာသမျှခံစားချက်ပေါင်းစုံကို mood ပေါ်လိုက်ပြီးရွေးနားထောင်လို့ရမယ့်အခွေမျိုး။ ရည်းစားဟောင်းကိုလွမ်းလွန်းလို့ ပြန်မျှော်လင့်နေတဲ့သီချင်းမျိုးပါသလို ရည်းစားဟောင်းကိုပဲ အသည်းပေါက် အပြစ်တင်နေတဲ့သီချင်းမျိုးလည်းပါတယ်။ စသဖြင့် ပရိတ်သတ်တွေကြိုက်သလိုရွေးခပ်စားလို့ရမယ့် ချိုချိုချဉ်ချဉ် ရေခဲမုန့် flavor လေးတွေပေါ့၊ Baekhyun ကဇွန်းပါတပ်ပေးထားပြီးသားမို့ အကုန်လုံးပစ်ရက်စရာမရှိပါဘူး။

Entertainment က Pre-order ဝယ်ယူတဲ့ပရိတ်သတ်တိုင်းအတွက် အနက်ရောင် Ribbon ပြားလေးတစ်ခုစီထည့်ပေးဖို့ concept ဆွဲထားပြီး တစ် Era လုံးမှာအဓိကထားအသုံးပြုထားတဲ့အနက်ရောင်ဟာ သေဆုံးသွားတဲ့အချစ်တစ်ခုရဲ့ မြေမြုပ်ခြင်းအထိမ်းအမှတ်အခွေလို့ပြောရင် ... ငြင်းဖို့မရှိပါ။

...........

"သူ့ကုမ္ပဏီက သူရေးသမျှအကုန်ထုတ်ပေးနေတာလားဟင်၊ ဘယ်ကုမ္ပဏီကများသူတို့အကျိုးအမြတ်မပါဘဲ တစ်ခွေလုံးကို self-written ထုတ်ချပေးတဲ့သမိုင်းရှိဖူးလို့လဲ"

"ဟုတ်ပါ့ ရှိန်းရယ်၊ ကြည့်ရတာ သူ့သူဌေးနဲ့ပါအိပ်ထားတာနေမှာပေါ့"

ပါးစပ်ကိုလက်ဖဝါးကာပြောလိုက်တဲ့ မိတ်ကပ်ဆရာမရဲ့စကားကို သူမက တစ်ပြန်ထောက်ခံကာ...

"ဟုတ်တယ် ပြောလို့မရဘူး သူကရှိသမျှယောက်ျားအကုန်ပတ်တွဲနေတာ အပျက်လိုပဲ"

Lovelorn「 ChanBaek 」Where stories live. Discover now