1

631 110 5
                                    

အသက် 20 နဲ့ အနုပညာရှင်ဖြစ်လာတဲ့ Baekhyun ရဲ့ ပထမဆုံး Debut Album နာမည်က ကိုယ်ပိုင်နာမည်နဲ့ပဲထုတ်တဲ့ "BAEKHYUN"

တက်သစ်စအဆိုတော်ဖြစ်တာကြောင့်
ကုမ္ပဏီရဲ့ပင်တိုင် Composer တွေနဲ့အချောပြန်ကိုင်စာသားညှိရလို့သာ သီချင်းတစ်ပုဒ်ရဲ့ writer credit မှာ 2 ယောက် 3 ယောက်နာမည်ထည့်ထားရပေမယ့် များသောအားဖြင့် Baekhyun က ကိုယ့်သီချင်းကိုယ်ပဲ စိတ်ကြိုက်ရေးလေ့ရှိတယ်။ Debut Album ထဲကသီချင်းတွေရဲ့မူပိုင်အကြမ်းတွေကလည်း အားလုံးသူ့အပိုင်၊ ဒီအရည်အချင်းကလည်း သူ့ကို ကုမ္ပဏီကသဘောကျတဲ့အချက်တွေထဲက အဓိကတစ်ခုပေါ့။

ပထမဆုံး Album လေးက လူငယ်တွေအတွက်အားအင်ယူစရာသီချင်းတွေပါသလို၊ စိတ်ပျော်စရာ Healing Song လေးတွေနဲ့ အချစ်ရေး အချစ်ရာသီချင်းတွေလည်းပါတယ်။ လူငယ်တစ်ယောက်ရဲ့ဘဝမှာရှိတဲ့အစိတ်အပိုင်းအားလုံးကို အချိုးကျရောနှောပြီး ဒိုင်ယာရီစာအုပ်ထုတ်ထားသလိုပဲ။  Entertainment ကလည်းထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်တာကြောင့်ရောမို့ ပထမတစ်ခွေနဲ့တင် Attention ကောင်းကောင်းရပြီး လူသိများ‌ထွန်းပေါက်ခဲ့တယ်။ အစကတော့ အသိပညာရှင်အတတ်ပညာရှင် Vocal Coach တွေ‌ဟာ Trainee 7 လနဲ့ Debut ခံရတဲ့သူ့ကိုသံသယကဲကဲစောင့်ကြည့်ခဲ့ကြပြီး နောက်တော့ Soloist Baekhyun ရဲ့အသံကို အသိအမှတ်မပြုဘဲမနေနိုင်လောက်အောင် လက်ခံခဲ့ကြတယ်။

ကုမ္ပဏီရဲ့ Baekhyun အပေါ်ထားတဲ့ မျှော်လင့်မှုကလည်း အတည်ပေါက်ဆန်တာကြီး။ သူမတူအောင်ကောင်းတဲ့အသံပိုင်ရှင်ဖြစ်နေတဲ့အပြင် ကိုယ်ပိုင် Talent တစ်ပုံကြီးရှိတဲ့ Baekhyun က Trainee ဘဝမှာကတည်းက သူဌေးတကာမျက်စိကျနေတဲ့ငွေတွင်းအလောင်းအလျာလေး ဘယ်ဘက်ကကြည့်ကြည့်ပေါက်မှာသေချာတဲ့ကောင်လေးမို့ ဒီလိုလူနဲ့စာချုပ်ချုပ်နိုင်လိုက်တဲ့ Entertainment ဟာ Promotion ပိုင်းကအစ လုံးဝခိုဖို့စိတ်မကူးတော့ဘူး။

Baekhyun အတွက်လုပ်စရာတွေဟာ တစ်ရက်ထက် တစ်ရက်များများလာတယ်၊ တက်သစ်စအဆိုတော်အနေနဲ့မိတ်ဆက်ဖို့ Variety Show တွေကိုလည်း မသွားမဖြစ်သွားရသေးတာပေါ့။ Baekhyun က ကျောင်းမှာကတည်းက Social ကောင်းတဲ့သူငယ်ချင်းဖြစ်တဲ့အပြင် ပျော်တတ်ပြီး လူတကာချစ်တဲ့ဓာတ်တစ်မျိုးရှိတာကြောင့် Variety Show ရဲ့ဇာတ်ညွှန်းတွေဟာ သူ့ကိုပရိတ်သတ်ပိုချစ်အောင်၊ ပိုသတိထားမှတ်မိအောင်လုပ်ပေးနိုင်ခဲ့တယ်။

Lovelorn「 ChanBaek 」Where stories live. Discover now