Unicode
Loey Production ရဲ့ ပထမဆုံးရုပ်သံဇာတ်လမ်းတွဲ "Kingdom" ကိုစတင်ရိုက်ကူးချိန်ဟာ နွေရာသီမှာဖြစ်သည်။ ပူလောင်တဲ့ရာသီဥတုမှာ နန်းတွင်းရိုးရာအဝတ်အစားတွေနဲ့ ကြိုးစားပမ်းစားသရုပ်ဆောင်ရတဲ့ သရုပ်ဆောင်တွေရော၊ ချွေးတရွှဲရွှဲရိုက်ကူးရတဲ့ စက်အဖွဲ့သားတွေရော ဘယ်သူမှမသက်သာ။ တစ်ခုကောင်းတာကတော့ ပါဝင်သူအများစုက ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့အတွက် တစ်ရက်တစ်ရက်ကို အခန်းတော်တော်များများရိုက်လို့ပြီးသည်။ သတ်မှတ်ထားတဲ့ရိုက်ကူးရေးရက်မတိုင်ခင်တောင် ပြီးနိုင်သည်ထင်၏။
မိဖုရားငယ် လက်ဖက်ရည်သောက်နေသော ပန်းဥယျာဉ်အတွင်းကအခန်းရိုက်ကူးပြီးသည့်နောက် ရိုက်ထားသော scene ကိုပြန်ကြည့်နေတဲ့ Chanyeol နဲ့ Han ရဲ့အနားမှာ Baekhyun နဲ့ Kyungsoo ဓားအတုကိုယ်စီကိုင်လျက် ချတိုင်းဆော့နေကြသည်။ စ ရိုက်ကူးသည့်တစ်ပတ်အတွင်းကတော့ သရုပ်ဆောင်အားလုံးဟာ ခပ်တည်တည်၊ခပ်အေးအေးလေးတွေပေမယ့် အချိန်ကြာလာတာနဲ့အမျှသရုပ်မှန်ပေါ်လာကြစမြဲ။ အဲ့ထဲမှာအဆိုးဆုံးကတော့ အိမ်ရှေ့စံမင်းသားပင်။
scene ပေါ်ရောက်ရင် character နဲ့အံဝင်ခွင်ကျ နေနိုင်ပေမယ့် cut ဆိုတဲ့အသံကြားရင်တော့ ဗြောင်းဆန်အောင်ပတ်ဆော့တဲ့ကလေးတစ်ယောက်လိုပြန်ဖြစ်သွားတတ်သည်။ သို့သော် ဒင်းကလေးကို ဆူမယ့်လူမရှိပေ။နေ့လည်ထမင်းစားနားပြီးချိန်၌ ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး ခြံဝင်းအတွင်းမှာရပ်ထားတဲ့ ကော်ဖီကား၊မုန့်ကားတွေဆီကနေ ကြိုက်ရာမုန့်သွားယူစားပြီး အချိုတည်းကြသည်။ တစ်စီးက Chanyeol ကိုအားပေးဖို့ဆိုပြီး သူငယ်ချင်း Squad ကပို့ပေးထားတာဖြစ်ကာ ဘေးကတစ်စီးကတော့ Baekhyun ရဲ့ ပရိတ်သတ်မဟုတ်တဲ့ပရိတ်သတ်လေးပို့ပေးသည့်ကော်ဖီကားလေးဖြစ်၏။ ဘယ်သူဘယ်ဝါနာမည်မရေးထားသလို ပုံတွေလည်းကပ်မထားပေမယ့် အချင်းချင်းကတော့ ဒီကားဟာ မကြာခင် အာရှအားကစားပွဲတော်မှာပါဝင်ယှဥ်ပြိုင်မယ့်တောင်ကိုရီးယားကိုယ်စားပြုဘောလုံးအသင်းသမားတစ်ယောက်ဆီကဆိုတာ သိကြသည်။ ရုပ်ရှင်နယ်ပယ်ကလုပ်လေ့လုပ်ထရှိတဲ့ ဒီဘက်ပိုင်းတွေကို ဘာမှသိပ်နားမလည်ပေမယ့် ကြိုးစားပမ်းစားရှာဖွေအကူညီတောင်းကာ တစ်ခုခုဆို ရအောင် Support ပေးချင်သည့် Shinwoo Hyung ကို Baekhyun သိပ်သဘောကျရသည်။
YOU ARE READING
Lovelorn「 ChanBaek 」