3

375 79 8
                                    

Unicode

တောင်ကိုရီးယားရုပ်ရှင်ဆုပေးပွဲတစ်ခု တက်ရောက်ရမယ့်နေ့မတိုင်ခင် တစ်ညအလိုမှ Baekhyun တရုတ်ကနေ ကိုရီးယားကို အမြန်ပြန်လာခဲ့ရတယ်။

Mama သိပ်ကြိုက်တဲ့မင်းသား...
သူကြည့်ဖူးတဲ့ပထမဆုံးရုပ်ရှင်ရိုက်ကွင်းက မင်းသား...
ဒယ်ဟန်မင်ဂုရဲ့ရင်နှစ်သည်းချာ Park Chanyeol နဲ့လည်း မျက်နှာချင်းဆိုင်ဆုံတွေ့ရမယ့်ပွဲမို့ ပင်ပန်းတာလည်းအာရုံမရနိုင် သူ့မှာရင်တွေခုန်လို့။

သရုပ်ဆောင်လောကထဲက Baekhyun ပုံရိပ်က လျှမ်းလျှမ်းတောက်နာမည်ကျော်ကြားနေတာတော့မဟုတ်ပေမယ့် ဆုပေးပွဲတွေမှာနာမည်ချန်လှပ်ထားခဲ့လို့မဖြစ်တဲ့ စာရင်းဝင်သူတစ်ယောက်။ Cameo ‌တွေပါဝင်ရာက Drama တော်တော်များများရိုက်လာရတော့ သရုပ်ဆောင်နယ်ပယ်ကလည်း Baekhyun ကိုရင်းနှီးနေပြီ။ Idol တစ်ယောက်မို့ Music Industry မှာလောက်တော့ ပညာမစုံသေး၊ သူ့ Career နဲ့သူ ပို‌တော်တဲ့နယ်ပယ်တစ်ခုကတော့ သက်သက်ရှိတာပေါ့‌လေ။

အသစ်တွေထပ်ရိုက်ဖို့လက်ခံထားတာရှိပေမယ့် ကြိုးစားဆဲကာလမှာ ရိုက်ထားပြီးတဲ့ဇာတ်ကားကတော့ (4) ကားလောက်ပဲရှိသေးတယ်၊ အဲ့ဒီထဲကမှ Senior Kim YoungMin နဲ့အတူ ဇာတ်ဆောင်နေရာကရိုက်ထားတဲ့ Brotherhood Drama "Forest" က လူကြိုက်များ Hit ဖြစ်ပြီး ဒီပွဲမှာလည်း Nominee ဝင်ထားတာ‌ကြောင့် ပွဲတက်ရတာဂုဏ်ရှိနေတယ်။ နတ်ဘုရား Park Chanyeol က ဒိုင်လူကြီးတွေထဲမှာပါတယ်ဆိုတော့ ကိုယ်သရုပ်ဆောင်တာကိုသူကြည့်ထားမှာပဲလို့တွေးမိရင် Baekhyun အသည်းတွေအေး ရင်ခုန်မိတာ ဘုရားစူးငြင်းမရပါ။ သူအမှတ်ပေးစိစစ်နေတဲ့မျက်နှာသစ်မင်းသားလေးက သူသရုပ်ဆောင်တာကိုရပ်ကြည့်ခဲ့ဖူးတဲ့ကလေးလေးဆိုတာကိုပါသိစေချင်သလိုလို မရိုးမရွဖြစ်နေတာဟာ Mama ဆီက Fangirling ပိုးတွေ သူ့ဆီကူးသွားတဲ့အတိုင်းပင်။

ပွဲကြီးပွဲကောင်းတက်ရမယ့်နေ့ဆို ကုမ္ပဏီမှာ ဝန်ထမ်းတွေအကုန် တစ်ယောက်မှအငြိမ်မနေရတော့ပေ။ ပြင်ရဆင်ရတာဆိုတာ ယောက်ျားလေးမို့လို့သာ တော်တော့၏။ မင်းသမီးတွေဆို သူတို့ခမျာ တစ်ယောက်နဲ့တစ်ယောက်မတူအောင်ဝတ်ရဆင်ရနဲ့ဘယ်လောက်တောင်အလုပ်ရှုပ်ရှာမလဲမသိ။ ဒါတောင် လိုက်ယှဉ်နေတတ်တဲ့ Toxic Fan တွေကြောင့် အလကားနေရင်းလူမုန်းခံရဖို့က ရာခိုင်နှုန်းသက်သက်ရှိသေးပြန်တာ။

Lovelorn「 ChanBaek 」Where stories live. Discover now