Chapter 4
After being reborn I tortured the vicious sister in lawဖုကျဲ လက်ကိုယမ်းရင်းပြောလိုက်သည်။
“သီးသန့်ခန်းကိုသွားရအောင်… ငါတို့တွေ အန်စာတုံးတွေနဲ့လောင်းကစားလုပ်ကြရင်ကော … အဲ့ဒါက မိန်းမလှလေးတွေကို အဖော်လုပ်ပေးတာထပ်ပိုကောင်းမှာပါ … “
“အခုက ဖွင့်ပွဲအခမ်းအနားလား လောင်းကစားပွဲလား … “
ဝေ့ထင် ထိုကဲ့သို့သောအဓိပ္ပာယ်မရှိသည့် လောင်းကစားများကို လုံးဝစိတ်မဝင်စားသည့်အတွက် တန်းငြင်းလိုက်သည်။
သူပြောပြီးသည်နှင့်တပြိုင်နက် သာယာနာပျော်ဖွယ်ကောင်းပြီး ကြည်လင်ပြတ်သားသောအသံက အနောက်မှထွက်ပေါ်လာသည်။
“ကျွန်မတို့ကိုလဲ အဲ့ကိုခေါ်သွားပေးလေ…”
နှစ်ယောက်သားလှည့်ကြည့်လိုက်သောအခါ သူတို့ဆီ တဖြည်းဖြည်းလျောက်လာသည့် စုမုန့်နှင့် ဝေ့ရွှယ်ကိုတွေ့လိုက်ရသည်။
စုမုန့်သည် သာမန်ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသော်လည်း ခါတိုင်းတွေ့နေကျမျက်နှာေပြာင်နှင့်မတူ အနည်းငယ်ကွဲပြားနေသည်။ ဖုကျဲက ချက်ခြင်းမမှတ်မိဘဲ ခဏအကြာမှသိသွားပြီး အံ့ဩတကြီးဖြင့်မေးလိုက်သည်။
“စုမုန့်လား… မင်းက စုမုန့်လား… “
ဖုကျဲ စုမုန့်ကိုအကြိမ်များစွာ မတွေ့ဖူးသော်လည်း သူမနှင့်ပတ်သတ်၍ အလွန်ဆိုးရွားသော အမြင်သာရှိခဲ့သည်။
စုမုန့်သည် အေးအေးဆေးဆေးနှင့် နာခံတတ်သောသဘောရှိသည်။ တခါတရံတွင် ဝေ့ထင်နှင့်ပတ်သတ်ပြီး လွန်ကဲသော ရှက်စရာကောင်းသည့် အဖြစ်အပျက်များကိုဖြစ်စေတတ်သည်။ သူမသည် ကိုယ့်ကိုကိုယ်ကောင်းမွန်စွာ ပြင်ဆင်ခြင်းမရှိသည့်အတွက် သာမာန်ရွက်ကြမ်းရေကြိုမိန်းကလေးများထက်ပင် ဆိုးရွားခဲ့သည်။ ဝေ့ထင်ကဲ့သို့ ထူးချွန်ထက်မြတ်သည့်အမျိုးသားသည် ထိုကဲ့သို့မိန်းကလေးမျိုးကို လက်ထပ်မည်မဟုတ်ပေ။
“မင်း… “
ဖုကျဲ မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကြည့်လိုက်မိသည်။
YOU ARE READING
ပြန်လည်မွေးဖွားလာပြီး အကျင့်ပုတ်တဲ့ယောင်းမကိုနှိပ်စက်မယ်
FanfictionNormal Novel အသစ်လေး Update လေးလုပ်ထားပါတယ်ရှင့် အားပေးကြပါဦးနော်❤️❤️ IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.facebook.com/profile.php?id=1000829...