ကျွန်တော် ပြေးတယ်.........
မောရမှန်း မသိအောင်ကို ဒရောသောပါးပြေးတယ်
ဘာကိုမှ မမြင်နိုင်တော့ဘဲ ပြေးတယ်......ကျွန်တော့်မျက်လုံးတွေဟာ ဝေဝါးစွတ်စိုလာတယ်
ကျွန်တော် မျက်ရည်ကျတယ်လို့
ကျွန်တော်မထင်ပါဘူး
ဟုတ်တယ် ဒါဟာ ကောင်းကင်ကကျလာတဲ့
မိုးစက်တွေပဲ ဖြစ်မှာပါ
တိမ်ကင်းစင်တဲ့ ကောင်းကင်ကိုပဲ အပြစ်တင်လိုက်မယ်ကျွန်တော့်ရှေ့မှာ ပြုံးရယ်ရင်း လက်ကမ်းကြိုနေမယ့်သူ့ကို မြင်မှ ကျွန်တော်အပြေးရပ်မယ်
ခါတိုင်းလိုပဲ ' Surprise' လို့ သူပြောမယ်
ကျွန်တော် သူ့ပါးကို ခပ်ဖွဖွဆွဲဖျစ်ရင်း
လူရှေ့မရှောင် သူ့ကို နမ်းမယ်
သူ့ရဲ့ ရှက်ပြုံးကို ကျွန်တော် တွေ့ရပြန်ဦးမယ်ဦးတည်ရာကို သိနေသလို
ကျွန်တော့်ခြေထောက်တွေ ဆေးရုံထဲထိ
ပြေးလွှားနေတုန်းပဲဘာ့ကြောင့်လဲ............
ဘာ့ကြောင့် ဆေးရုံလဲ............
ဘာ့ကြောင့် 'သူ' လဲ.....................အခန်းဝမှာ ရပ်လိုက်တယ်ဆိုရင်ပဲ
ကျွန်တော့်ဆီကို အမြန်လျှောက်လာတဲ့ Baekhyun' Chanyeol ah ငါ စိတ်မကောင်းပါဘူး
သူ မင်းကို စောင့်နေတယ် 'ဘာကို စိတ်မကောင်းတာလဲ
ဘာကိုလဲ
စိတ်မကောင်းဘူးဆိုတဲ့ စကားကိုလုံးဝမပြောနဲ့
ကျွန်တော်မုန်းတယ်ကျွန်တော့် ပုခုံးပေါ်တင်ထားတဲ့ သူ့ လက်တွေကို ခပ်ကြမ်းကြမ်းပဲ ပုတ်ထုတ်လိုက်တယ်
သူ့ မျက်နှာမှာ ညှိုးငယ်ဝမ်းနည်းရိပ်တွေနဲ့
ပြည့်နေပေမယ့်
ကျွန်တော် သူ့ကို အားမနာနိုင်ဘူးKai.........
သူ ကျွန်တော့်ကို စောင့်နေတယ်သူ့ အပေါ်မှာ လွှမ်းထားတဲ့ အဖြူရောင်အဝတ်မှာ
သွေးတချို့ စွန်းပေလို့ကျွန်တော် သူ့လက်ကလေးကို ဆုပ်ကိုင်ဖို့တောင်
တွန့်ဆုတ်နေမိတယ်
ကျွန်တော့်ကြောင့် သူ နာကျင်မှာကို အစိုးဆုံးပဲ' Kai ......'
ကျွန်တော့် အသာဖွဖွ ခေါ်သံအဆုံးမှာ
သူ့ မျက်လုံးတွေ ပွင့်လာတယ်
အားယူပြီး ပြုံးလိုက်တဲ့
သူ့ အပြုံးဟာ ခါတိုင်းလို မရွှင်လန်းနိုင်တော့ပေမယ့်
နူးညံ့ဆဲပဲ