Beginning : one of two

645 74 6
                                    


' Chanyeol ရေ
Channie လေးရေ
Yeollie လေးရေ............'

Baekhyun......... လို့
တွေးမိတဲ့ တခဏမှာပဲ
ကျွန်တော့် နှုတ်ခမ်းမှာ အပြုံးတို့
အလိုလို ဖြစ်တည်လေသည်

' ဒီကောင်တော့ ဘာပူဆာစရာရှိ.........

အတွေးတို့ မဆုံးခင်
အနှီ Baekhyun မှာ
အခန်းထဲရောက်ရုံသာမက
ကျွန်တော့် စောင် ကိုပါ
တပါတည်း ဆွဲချွတ်ပြီးနေပြီ

' ဟိုက် တေပြီ '

မနေ့ညက အရမ်းပူတာကို ချက်ချင်းသတိရသည်

' Baekhyun
ဘောင်း... ဘောင်းဘီ မပါဘူးဟ
အားးး ငါ့စောင် ငါ့စောင် ခုပြန်ပေးးးးးး''

' အမယ်လေး Yoda ရယ်
Boxer ကျိ တစ်ထည်လုံးပါတာများ
အဆန်းလုပ်လို့
မမြင်ဖူး မတွေ့ဖူးတာတွေလဲ မဟုတ်
ထ အမြန်ထ အခုချက်ချင်း ထ
ငါ နောက်ကျနေပြီ '

သူ့ဘာသာ သူ့သဘောသူဆောင်ပြီး
မနက်ကျောင်းချိန်မစခင်
ရေကူးသင်တန်းကို ဇွတ်တက်သည်
အဲ့ဒါက ကိစ္စမရှိ
ကိစ္စရှိသွားတာက
လုံးဝ စိတ်မဝင်စားတဲ့ ကျွန်တော့်ကို
ဇွတ်ခေါ်ခြင်း ဖြစ်လေသည်

သူ့ရဲ့ တစ်ခုတည်းသော နှင့် မရိုးနိုင်သော
အကြောင်းပြချက်ကတော့
ငယ်ကတည်းက
အတူတူကြီးပြင်းအရွယ်ရောက်
ဘာမဆို အတူတူဆောင်ရွက်နေကျဖြစ်သောကြောင့်
တစ်ယောက်ထဲ မနေတတ်တော့ခြင်းဖြစ်ပါသတဲ့

ဟုတ်ကဲ့
ကျွန်တော်ကလည်း
အဲ့ဒီအကြောင်းပြချက်မှာ
အကျေနပ်ကြီး ကျေနပ်မိလေတော့
ငြင်းဆန်ဖို့ခွန်အားက ဗလာနတ္ထိ

ပျင်းပျင်းနဲ့ပဲ မနက်တိုင်း ပြုံးပျော်မိမြဲ

တခါတလေ အိပ်ရာမထချင်၍ ပေအိပ်နေမိလျှင်လည်း ဆြာ Baekhyun က နည်းလမ်းတစ်သိန်းလောက်သုံးကာ
မထ, ထ အောင် ဆွဲဆောင်မြဲ

အမှတ်မရှိသည့် ကျွန်တော်ကလဲ သူ့ထောင်ချောက်တွေထဲ သက်ဆင်းမြဲ

ဒီလိုနဲ့ပဲ ကျွန်တော့် သံယောဇဉ်တွေ
တစ်ရစ်ပြီး တစ်ရစ်နွယ်အောင်
သူ စွမ်းဆောင်နိုင်မြဲ

တစ်ခါတလေ
ကျွန်တော့် အရှက်တကွဲဖြစ်ရပ်တွေကလွဲလို့
ကျွန်တော်တို့အနာဂတ်သည်
ကျွန်တော့် စိတ်ကူးနဲ့ ခြယ်မှုန်းတဲ့ပန်းချီကား
ဖြစ်လာလိမ့်မယ် လို့
ထင်ခဲ့မိသည်

A CLONE that also has A HEARTWhere stories live. Discover now