ရှေ့မှာ မှုန်ပြပြပဲ မြင်ရတဲ့ အရိပ်ကလေး
အဲ့ဒီ အရိပ်ကလေး နောက်ကို ကျွန်တော် ထပ်ချပ်မကွာ လိုက်နေမိတယ်
ပတ်ဝန်းကျင်ကလဲ မှုန်ရီရီ
မြင်ကွင်းတိုင်းဟာ လွမ်းဆွတ်မှုတွေနဲ့ မှုန်ဝေလို့ကျွန်တော် သူ့ကို မှီတော့မယ့်အချိန်မှာ
သူ ဝေးသွားပြန်တယ်
ကျွန်တော် ဝမ်းနည်းပက်လက် ဖြစ်ရတယ်ဒါပေမဲ့ ကျွန်တော် ဇွဲ မလျော့ဘူး
ကျွန်တော့်ရဲ့ အရာအားလုံးဟာ သူ့အတွက်ပဲလေ
ကျွန်တော့် စိတ်စေရာနောက်ကို ကျွန်တော်လိုက်နေမှာပဲပတ်ဝန်းကျင်ဟာ ရုတ်တရက် အေးခဲစွာ မှောင်မိုက်လာတယ်
သူလဲ တဖြည်းဖြည်း မှုန်ဝါးလာတယ်
ကျွန်တော့် လက်ကို ဆန့်တန်းပြီး သူ့ကို ဖမ်းယူလိုက်တဲ့ အချိန်မှာပဲ
သူ မှေးမှိန်ပျောက်ကွယ်သွားတယ်ကျွန်တော် နိုးလာတဲ့အချိန်မှာ မျက်ရည်လည်ရွှဲနဲ့
........................................................................
' Chanyeol ah မင်းကိုယ့်ကိုယ်ကို သတ်နေတာလား
သေချင်လဲ နောက်မှသေ
ခုတလော အလုပ်များလွန်းလို့ စိတ်ညစ်ရတဲ့ကြားထဲ 'ခုထိ မတုန်မလှုပ်ထိုင်နေဆဲ ဖြစ်တဲ့
သူ့ကျောပြင်ကို ကြည့်ရင်း
ကျွန်တော် သက်ပြင်းတစ်ချက်သာချမိတော့တယ်
မနက်တိုင်း လာပြင်ပေးပြီး
ညနေတိုင်း လာသွန်ပေးရတဲ့ ထမင်းဟင်းတွေကလဲ အရာမယွင်းတစ်ချက် ယွင်းတစ်ချက်
ကျွန်တော့်ရဲ့ Lab မှာ ထိထိရောက်ရောက်
အလုပ်မလုပ်နိုင်တာလဲ ကြာပြီKai ရဲ့ကိစ္စဖြစ်ပြီးကတည်းက
Chanyeol ဟာ Chanyeol မဟုတ်တော့ဘူး ဆိုရအောင် ပြောင်းလဲသွားတာပင်
သူ့ရင်ထဲမှာ ဘယ်လောက်ခံစားရမယ်ဆိုတာ ကျွန်တော်သိပေမယ့် နှစ်သိမ့်စရာ စကားလုံးရှာမရ
နှစ်သိမ့်လို့ ပြေပျောက်သွားမယ့် ကိစ္စလဲမဟုတ်
နှစ်သိမ့်လို့ အထိုးခံရမယ့် ကိစ္စသာ
ဖြစ်ကောင်း ဖြစ်နိုင်လေသည်ငယ်ငယ်က သူမွေးထားတဲ့ ငါးလေးသေတုန်းက
သွားနှစ်သိမ့်မိလို့ ခဲနဲ့ထုခံခဲ့ရဖူးသည်
နောက်တစ်ခါ နှစ်သိမ့်မိလို့
ခြေထောက်နဲ့ ကန်လွှတ်ဖူးသည်
နောက်ထပ် ကျွန်တော့်ပါးစပ်က သူ့အတွက် နှစ်သိမ့်စကား အစရှာမရတော့
ရင်ထဲမှာတော့ စီကာပတ်ကုံး တွေးထားမိသည်ကို ကျွန်တော် ဝန်ခံပါသည်