Love is............

472 67 0
                                    


လူတစ်ယောက်ကို စုံမက်မြတ်နိုးမိခြင်းကို
အပြစ်မဆိုသာသော်လည်း
ကိုယ်နဲ့ ဘယ်သောအခါမှ ဆုံနိုင်လိမ့်မယ်မဟုတ်သည့်သူကို နှောင်တွယ်မိလျှင်တော့
သင့်ဘဝထဲသို့ သင်ကိုယ်တိုင်
နာကြင်မှုကို ဖိတ်ခေါ်လိုက်ခြင်းပင်

............................................................

ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာထဲမှ သူ့တစ်ယောက်ကိုမှ
တမ်းမက်မြတ်နိုးမိခြင်းသည်
ကျွန်တော့်အိပ်မပျော်သောညများရဲ့ အစဖြစ်လေသည်

ချစ်သူရှိသောငယ်သူငယ်ချင်းကို ချစ်မက်မိခြင်းသည် အပြစ်တစ်ခုဖြစ်သည် ဟု ကျွန်တော်မထင်ပါ

ချစ်ခြင်းတစ်ခုကို ချစ်နေရုံမျှနှင့် ကျေနပ်တတ်သောကျွန်တော့်အတွက်
သူ့ကို နှောင်တွယ်စွဲလမ်းမိခြင်းသည်
အပြစ်တစ်ခုဖြစ်စရာအကြောင်းလည်းမရှိပါ

ခက်နေတဲ့တစ်ခုတည်းသောအချက်ကတော့
ကျွန်တော့်ရင်ခွင်နဲ့ ပြည့်သိပ်လွန်းလို့ ဖိတ်စဉ်ကျမတတ်ဖြစ်နေတဲ့
ချစ်ခြင်းတရားတွေသာ ဖြစ်သည်

အဲဒီ ချစ်ခြင်းမေတ္တာတွေထဲမှာ
ဒီကမ္ဘာပေါ်မှာ 'သူ' ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ခြင်းတွေ ပါဝင်သည်
ပျော်ရွှင်ပေါ့ပါးမှုကို ဖော်ဆောင်တဲ့
သူ့ အပြုံးတွေကြောင့်
လိုက်လံပြုံးရယ်တတ်ခဲ့တဲ့ ကျွန်တော့်နှလုံးသားရဲ့
ကျေးဇူးတင်စကားတွေ ပါဝင်သည်
နံရံမှာ ကပ်ထားတဲ့ သူ့ဓာတ်ပုံတွေကိုကြည့်ရင်း ပြုံးလိုက် ရယ်လိုက် ငိုလိုက် စိတ်ကောက်လိုက်လုပ်ခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ ရူးသွပ်မှုတွေပါဝင်သည်
အကြင်နာတွေ မေတ္တာတရားတွေ ဂရုစိုက်မှုတွေကို ရက်ရက်ရောရောပေးချင်ပါလျက်နဲ့
ပေးခွင့်မရတဲ့အတွက် ဝေဒနာတွေပါဝင်သည်
သူ့နာမည်ကို တိတ်တဆိတ်ရေရွတ်ရင်း တချို့ညတွေကိုအတူဖြတ်သန်းပေးခဲ့တဲ့ ကျွန်တော့်မျက်ရည်တွေပါဝင်သည်
သူ့ sign ပုံစံအတိုင်း
ကိုယ့်လက်မှတ်ကို ပြောင်းခဲ့တဲ့
ကျွန်တော့်ရဲ့ စွဲလမ်းမှုတွေပါဝင်သည်
မဆိုစလောက်လေးပဲဖြစ်ပါစေ
သူ့အနားနီးကပ်ခွင့်ရဖို့အတွက် ကြိုးစားချင်တဲ့ ကတိစကားတွေပါဝင်သည်
အိပ်မက်ထဲကို မကြာခဏ
အလည်ရောက်လာတတ်တဲ့ သူ့ပုံရိပ်တွေအကြောင်းပါဝင်သည်
မနက်လင်းတာနဲ့ရောက်လာတတ်ပြီး
ညအိပ်ချိန်အထိ လိုက်ပါနွေးထွေးတတ်တဲ့
သူ့အကြောင်းအတွေးတွေပါဝင်သည်
မျက်တောင်တစ်ချက်ခတ်တိုင်းမှာ တစ်ဖျတ်ဖျတ်လိုက်ပါနေတတ်သည့် သူ့ဟန်ပန်တွေပါဝင်သည်
'တွေဝေမိန်းမောစေနိုင်သည့် သူ့အကြည့်တွေ အကြိမ်များစွာကြားယောင်နေစေသည့်သူ့အသံတွေ
စနောက်တတ်တဲ့စရိုက်တွေ
ပူပြင်းလောင်မြိုက်စေနိုင်သလို
အေးချမ်းစေနိုင်တဲ့ သူ့ဟန်ပန်အမူအရာတွေ' ကို
ဘယ်လိုမှ ဖျောက်ဖျက်မနိုင်ကြောင်းတွေပါဝင်သည်
သူ့အတွက်ဆိုရင် အရာရာအကောင်ဆုံးဖြစ်စေချင်သည့်
စေတနာရေစီးကမ်းပြိုတွေပါဝင်သည်
သူ့ကောင်းသတင်းတွေကို ခင်မင်သူတိုင်းကိုပြောချင်သည့် အကောင်းမြင်စေချင်စိတ်တွေပါဝင်သည်
သူ့အတွက်ကိုယ်ဘာမှမပေးနိုင်ရခြင်းအတွက် ဝမ်းနည်းပက်လက်ဖြစ်ရခြင်းတွေပါဝင်သည်
ဘဝတစ်လျှောက်လုံးကို
သူနဲ့အတူတကွ ဖြတ်သန်းလိုတဲ့ မျှော်လင့်ချက်တွေပါဝင်သည်
တခါတရံ ကိုယ့်ဆန္ဒတွေကိုဖြစ်လာစေချင်ပေမယ့်
သူ့ဆန္ဒနဲ့ဘဝကိုပဲ ထပ်တူကျစေချင်တဲ့
ဖြည့်ဆည်းချင်စိတ်တွေပါဝင်သည် သူ့ဘဝအမြင့်ဆုံးကိုရောက်ဖို့အတွက် ''အထောက်အပံ့လေးတစ်ခုကိုယ်ဖြစ်စေသား'' ရယ်လို့ ဆုတောင်းတစ်ခုလဲ ပါဝင်လေသည်

ချစ်ခြင်းမေတ္တာတရားသည်ဖော်ပြ၍မဆုံးနိုင်သော......................................................................................................................................................

***********************************

HAPPY PCY DAY!!!!!!! :-) :-)
HAPPY BIRTHDAY ChanYeollie <3
LOVE U VERY MUCH!!!!! :-) :-) <3












You've reached the end of published parts.

⏰ Last updated: Nov 26, 2015 ⏰

Add this story to your Library to get notified about new parts!

A CLONE that also has A HEARTWhere stories live. Discover now