'Kai......Kai ရာ
ဘယ်လိုများဖြစ်လို့......'ကျွန်တော့် စကားသံတွေ ပျောက်ကွယ်သွားပြီလားမသိ
ပြောချင်တဲ့စကားတွေ ရင်နဲ့အပြည့် ဖြစ်ပေမယ့်
ပြောဖို့ ခက်ခဲနေပြန်လေသည်' ကဲ Park Chan Yeol shi ကျွန်တော်တို့ကို
အိမ်ထဲ မဝင်ခိုင်းတော့ဘူးလားခင်ဗျာ 'Baekhyun ရဲ့ ဂုဏ်ယူဝင့်ကြွားဟန်အပြည့်နဲ့
ရွှတ်နောက်နောက်ပြောသံကြောင့်သာ
ကျွန်တော့် စိတ်နဲ့ ခန္ဓာတသားတည်း ပြန်ကျသွားခြင်းပင်
Kai ကတော့ ပကတိ တည်ငြိမ် ငြိမ်သက်လျက်ကျွန်တော်တို့ သုံးယောက်လုံး ဧည့်ခန်းတွင် ထိုင်ပြီးချိန်မှာတော့ Baekhyun က သူ
ရှင်းလင်းချက်ကို စတင်လေသည်' ဒီလိုလေ ChanYeol ရ
ငါ ခုနောက်ဆုံးလုပ်နေတဲ့ Clone တွေအကြောင်း သိတယ်မလား ......'အာ ဟုတ်သား
ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပြီးချိန်မှာ
Baekhyun က Cloning နဲ့ပတ်သက်တဲ့
Research ဌာနတစ်ခုမှာ အလုပ်ဝင်ခဲ့သည်အကောင်ငယ်လေးတွေကို
အောင်မြင်စွာ ပုံတူပွားနိုင်ပေမယ့်
ပြဿနာတစ်ခုက
ပွားယူထားတဲ့ အကောင်ကလေးတွေ အသက်မရှည်ကြခြင်းနဲ့ ရောဂါဘယပေါများခြင်း ဖြစ်သည်သူခမျာ ဒီကိစ္စနဲ့ မစားနိုင်မသောက်နိုင် ဖြစ်ခဲ့ရသေးသော်လည်း လက်မလျော့ဘဲ
လူသား ပုံတူပွားဖို့ပါ ကြံစည်ပြန်သည်အကောင်ငယ်လေးတွေက ကိုယ်ခံအားနည်းတဲ့အတွက် ပွားယူရာမှာ အဆင်မချောခြင်းဖြစ်သည်ဟု Baekhyun က ယူဆသည်
သို့သော် ဌာနဆိုင်ရာ အကြီးအကဲများက သူ့အယူအဆကို လက်မခံ
လူသားပုံတူပွားဖို့က ခဲယဉ်းသည်
အလှမ်းဝေးလွန်းသေးသည်
လောလောဆယ် ပြဿနာကို မဖြေရှင်းနိုင်ခင် အဆင့်မတက်လိုကြပုံတူပွားမယ်ပဲ ထားပါတော့
ဘယ်သူ့ကို clone လုပ်မလဲ
ဘယ်သူကရော အကျိုးဆက်မသိတဲ့ပြဿနာမှာ ပါဝင်လိုပါ့မလဲဒါနဲ့ပဲ လူသားပုံတူပွားကိစ္စသည် research ဌာနတွင်
မရေမရာနဲ့ အဆုံးသတ်သွားပြန်သည်Baekhyun အတွက်တော့ အဆုံးမသတ်ခဲ့ပါ
သူ့ကိုယ်ပိုင် (သူ့မိဘတွေကို မရရအောင် ဂျီကျ တောင်းဆိုထားခဲ့သော) lab အသေးစားလေးမှာ
ဆက်သုတေသနလုပ်ခဲ့သည်