E.2

14.8K 171 0
                                    


Unicode

ရှိန်းတို့ညစာစားပြီး မိုးချုပ်နေပြီမို့မာမီကဒေစီဝင့်လွှာကိုအိမ်ပြန်ပို့ပေးဖို့ပြောကာ အစက Bodyguard တစ်ယောက်ကိုကားမောင်းခိုင်းဖို့လုပ်ပင်မဲ့ သူတို့လည်းပင်ပန်းနေတာဆိုတော့နားခိုင်းလိုက်ပြီး သူကိုယ်တိုင်ပဲကားမောင်းပြီးလိုက်ပို့ပေးခဲ့သည်။ လမ်း၌....

"ကိုကို ဒေစီတို့မင်္ဂလာဆောင်ကိုဘယ်မှာလုပ်ချင်လဲဟင် "

" မင်းအဆင်ပြေတာရွေးလိုက်"

"ဟွန့်......ကိုကိုကမမိုက်ပါဘူး စေ့စပ်ပွဲတုန်းကလဲဒေစီပဲရွေးရတယ် အခုလည်းဒေစီပဲရွေးရအုံးမယ်ဆိုတော့ ဒီပွဲကဒေစီတစ်ယောက်ထဲဆောင်မှာမှမဟုက်တာ"

ဒေစီတဂယ်ပဲ ကိုကို့ကိုစိတ်ပျက်လာပြီ အမြဲလိုလိုအေးတိအေးဆက်နဲ့သူ့အလုပ်တွေကလွဲဘယ်အရာကိုမှခေါင်းထဲမထည့်။

ကျွီး......

ရုတ်တရက်ကားဘရိတ်အုပ်သံကြောင့် ဒေစီအရှေ့ကိုကြည့်လိုက်တော့သူ့အိမ်ရှေ့တောင်ရောက်နေပြီဖြစ်၏။ ဒါနဲ့ဒေစီလည်း ကားခါးပက်ကိုဖြုတ်ပြီး ကိုကို့ကိုနှုတ်တောင်မဆက်ပဲကားပေါ်ကဆင်းလိုက်သည်။

ဒေစီကားပေါ်ကဆင်းတာနဲ့ရှိန်းကားကိုချက်ချင်းမောင်းထွက်လာခဲ့ကာ ဒေစီဝင့်လွှာစွေ့စွေ့ခုန်ကျန်ခဲ့သည်ကိုသူမသိပေ။ သိလည်းသူဂရုစိုက်မည်မဟုက် ဒေစီဝင့်လွှာကိုဒီလောက်သည်းခံနေတယ်ဆိုတာကလည်း သူ့မာမီကြောင့်ပဲ။

ကျွီး......

ရှိန်းအတွေးတွေပျံ့ပြီးကားမောင်းလာကာ လမ်းအကွေ့၌အရိပ်တစ်ခုဖျက်ကနည်းတွေ့လိုက်ရ၍ ဘရိတ်အမြန်သုံးလိုက်ရသည်။

ဒေး အိမ်အပြန်လမ်းကရှင်းနေတာမို့ဖုန်းကိုအာရုံစိုက်ပြီးပဲလျှောက်လာမိကာ လမ်းအကွေ့နေရာကိုသတိမထားမိဘူးဖြစ်သွားပြီးရုတ်ရက်ကားမီးရောင်တွေ့မှရှောင်လိုက်တော့ ကားနဲ့မတိုက်မိသွားပင်မဲ့လမ်းပေါ်လဲကျသွားတောင်ကြောင့် လက်တော့ပွန်းသွားသည်။

"အား.....ကျွတ် ကျွတ် နာလိုက်တာ"

ဝုန်း......

ဒေးနည်းနည်းပွန်းသွားတဲ့ တံတောင်ဆစ်ကိုပွတ်ရင်းသူ့ဟာသူညည်းတွားနေတုန်း ကားတံခါးပိတ်သံခက်ကြမ်းကြမ်းကြောင့် လန့်ပြီးကိုယ်လုံးလေးတောင်တုန်သွားသည်။ ဒါလေးကို ဒီလောက်ကြမ်းတမ်းနေတာဘယ်လိုလူလဲမသိဘူး။

Error(ပြင်စင်နေဆဲ Fic)Where stories live. Discover now