E.26

3.6K 72 0
                                    

ရှိန်းအိမ်ပြန်ရောက်တော့ ဒေစီဝင့်လွှာနဲ့မာမီက ထမင်းစာပွဲမှာဘယ်တွေပြောပြီးသဘောကျနေလဲမသိ။ သူအနားရောက်မှမာမီကသူ့ကိုမြင်သည်။

"သားရှိန်းတောင်ပြန်လာပြီပဲ "

"ဟုက်မာမီ ဒါနဲ့ သားပြောစရာ"

"သားရှိန်းသိလား သမီးဒေစီကလေသားမရှိတုန်းမာမီကိုအဖော်လာနေပေးတာ သိပ်ချစ်ဖို့ကောင်းတာပဲကွယ် မာမီကိုလဲအရမ်းဂရုစိုက်တာ...

သမီးဒေစီ ဒီနေ့မင်္ဂလာဝတ်စုံရွေးဖို့ချိန်းထားတယ်မှက်လား သမီးကိုကို့ကိုခေါ်ပြီးသွားရွေးကျချီ သမီးလေးစိတ်ကြိုက်ရွေးခဲ့နော် "

ရှိန်းစကားတို့ကိုဖျက်ပြောသွားတဲ့မာမီက တောက်လျှောက်သူ့အစီစဉ်တိုင်း ပြောသွားရင်း ရှိန်းမှာငြင်းဆန်ခွင့်တောင်မရလိုက်ပါပဲ ဒေစီဝင့်လွှာနဲ့အတူ ပါသွားရတော့သည်။

ဝတ်စုံဆိုင်ကိုရောက်တော့ ဒေစီဝင့်လွှာကတစ်စုံပြီးတစ်စုံဝတ်ကြည့်ကာ ရှိန်းရှေ့ပေါ်ပေါ်လာပင်မဲ့ ရှိန်းသေချာမကြည့်ပါပဲ ဘာဝတ်လာဝတ်လာခေါင်းသာငြိမ့်ပြနေပြီး ဖုန်းကိုသာကြည့်နေတော့သည်။ ရှိန်းဖုန်းကိုအသဲအသန်ကြည့်နေရချင်းက တစ်ယောက်ထဲထားခဲ့ရတဲ့သူလေးကိုစိတ်မချ၍ စာတွေစက်တိုက်ပို့နေချင်းဖြစ်ကာ စာတွေဒီလောက်ပို့နေတာတောင် စာပြန်မလာတာကြောင့်လဲစိုးရိမ်စိတ်လေးနည်းနည်းရှိလို့နေပြီး ဖြစ်နိုင်ရင် ဒီနရာကပြေးသာထွက်ပြီး အနားသြားကာ ဘာလို့စာမပြန်တာလဲဆိုပြီး အသက်ရှူခက်တဲ့ထိနမ်းပလိုက်ချင်သည်။

ဒေစီဝင့်လွှာမှာတော့ ဝတ်စုံအကြီးကြီးတွေကိုအပင်ပန်းခံတစ်စုံပြီးတစ်စုံဝတ်နေပါသော်လဲ သတိုးသားဖြစ်တဲ့သူက မော့တောင်မကြည့်ပဲ ဘာပြောပြော အဆင်ပြေသလိုလုပ်ဆိုတာကိုပဲပြောနေချင်းကြောင့် ဘေးနားရှိတဲ့ဝန်ထမ်းတွေကတောင်သူ့ကိုကွက်ကြည့်ကွက်ကြည့် ဖြစ်လို့နေသည်။

ကိုကိုပုံစံတွေ အခုနောက်ပိုင်းအရမ်းကိုထူးခြားနေတာ ဒေစီခံစားမိတယ်။ ဟိုတနေ့ကဖုန်းကိုင်တဲ့ကိစ္စလဲ ပြဿနာမဖြစ်ချင်လို့သာလျှော်ပေးလိုက်တာ ကိုကိုစကားတွေရုတ်တိမရှိဘူးဆိုတာ သူလိုမိန်းမကမသိပဲနေမလား။ ဘယ်ရုံးက မနက်8 နာရီဖွင့်လို့ ဘယ်ဝန်ထမ်းကယောအဲ့ချိရောက်လို့လဲ။ အခုလဲဒေစီအဝတ်လဲပီးအနားရောက်နေတာတောင်သတိမထားမိပဲ လက်ထဲကဖုန်းကိုပဲစိုက်ကြည့်လို့နေကာ ဒေစီလဲဘာတွေဒီလောက်စိတ်ဝင်စားနေတာလဲဟုသိချင်တာကြောင့် ဘေးမှာဝင်ထိုင်ပြီး လက်မောင်းကိုချိန် ပုခုံးကိုမှိလိုက်သည်။

Error(ပြင်စင်နေဆဲ Fic)Where stories live. Discover now