E.9

5.1K 95 0
                                    


Unicode

ရှိန်းကိစ္စတစ်ခုဖြင့် ကောင်လေးရဲ့ဆိုင်ရှေ့ကနေဖျက်သွားရင်းမှ ကားပေါ်ကနေကောင်းလေးနဲ့အမျိုးသမီးတစ်ယောက် ဆိုင်ရှေ့မှာရပ်၍စကားပြောနေသည်ကိုလှမ်းမြင်လိုက်ကာ ကားကိုထိုးရပ်လိုက်သည်။

စကားပြောနေပုံက ပုံမှန်မဟုက်ပဲနည်းနည်းထူးဆန်းနေတော့ ရှိန်းလည်းဆက်ပြီးရပ်ကြည့်နေကာ နှစ်ယောက်သားစကားတွေပြောကြရင်းတစ်ဖက်အမျိုးသမီးယော ကောင်လေးယောက မျက်နှာပျက်နေသည်ကိုလည်း ရှိန်းလှမ်းမြင်နေရသည်။ နောက်တော့ ကောင်လေးကဆိုင်ထဲပြန်ဝင်သွားပြီး ထိုအမျိုးသမီးလည်းထွက်သွားတော့ ရှိန်းကားပေါ်ကဆင်းမယ်အလုပ် ရုတ်တရက်ဖုန်းဝင်လာ၏။

ဒီး.....ဒီး.....

ဒီလိုနဲ့ရှိန်းကားပေါ်ကမဆင်းသေးပဲ ဖုန်းကိုယူကြည့်လိုက်သည့်အခါ ထူးထူးဆန်းဆန်း အိမ်ကဆက်တာဖြစ်နေသည်။

"Hello....ဘာ!!.."

"ငါ အခုချက်ချင်းပြန်လာခဲ့မယ်"

ရှိန်းဖုန်းချပြီးတာနဲ့ချက်ချင်းကားစက်နှိုးကာ မောင်းထွက်လာခဲ့သည်။ ရှိန်းကားအမြန်နှုန်းနဲ့သိပ်မကြာပါပဲ အိမ်ကိုပြန်ရောက်လာကာ ကားကိုဖြစ်သလိုရပ်ခဲ့ပြီး မာမီအခန်းကိုအပြေးလေးဝင်လို့သွား၏။

"မာမီ....မာမီရယ် ဘယ်လိုဖြစ်တာလဲ"

အခန်းထဲရောက်တော့ မာမီကကုတင်ပေါ်မှာလှဲနေပြီး ရှိန်း မာမီအနားသွားကာမာမီဘေးကပ်ထိုင်ပြီးလက်ကိုဆုပ်ကိုင်မေးလိုက်သည်။

"မာမီဘားမှမဖြစ်ပါဘူးကွယ် နည်းနည်းလေးမိုက်ခနဲမူးသွားယုံပါပဲ အရမ်းကြီးလည်းစိတ်မပူနဲ့"

"စိတ်မပူလို့ရမလား သားမှာမာမီတစ်ယောက်ပဲရှိတာ "

"ဟုတ်ပါပြီ မာမီသားလေးစိတ်ပူအောင်လုပ်မိလို့ တောင်းပန်တယ်နော် နောက်ဆိုဂရုစိုက်ပါ့မယ်"

"မဟုက်တာ မာမီရယ် တောင်းပန်ချင်းတောင်းပန်သားကတောင်းပန်ရမှာပါ။ ဒီရက်ပိုင်းအလုပ်တွေနဲ့မာမီကိုပြစ်ထားသလိုဖြစ်သွားမလို့ တောင်းပန်ပါတယ် မာမီ"

Error(ပြင်စင်နေဆဲ Fic)Where stories live. Discover now