Unicode
"ဒေးမလုပ်ချင်ဘူး အန်တီနို "
"ဘာလို့လဲဒေးရဲ့ ဒါကလွယ်လွယ်လေးနဲ့ပိုက်ဆံအများကြီးရမဲ့အလုပ်နော်"
ပိုက်ဆံကမက်လောက်စရာအများကြီးပေးထားတယ်ဆိုတာကမှန်ပါတယ်။ ဒါပင်မဲ့ တစ်ဖက်သားရဲ့ခံစားချက်နဲ့ဘဝကိုဖျက်ဖို့လောက်ထိကတော့ ဒေးမလုပ်ချင်ဘူး။
"ဟင့်အင်း....ဘာပဲဖြစ်ဖြစ်အဲ့အလုပ်ကိုလက်မခံဘူး"
"အများကြီးမတွေးနဲ့ဒေး အန်တီနိုပြောပြမယ် ဒေးကသူ့ဘဝထဲကိုခဏလေးဝင်သွားရုံပဲ သူ့ဘက်ကဒေးကိုလက်ခံပြီဆိုရင်ဒေးအလုပ်ကပြီးပြီ အဲ့တွက်အချိန်ကလည်းသိပ်မများဘူး "
"ဒေးဟိုအလုပ်တွေဆက်မလုပ်ချင်တော့ဘူးဆိုတာ အန်တီသိတယ်။ ဒါကဒေးဘဝလေးကိုအပြောင်းအလဲဖြစ်သွားနိုင်တယ်နော်....ဒေးစဥ်းစားပါ သေချာလေးစဥ်းစားပြီးမှအကြောင်းပြန် အခုတော့အန်တီသွားလိုက်အုံးမယ်"
ဒေါ်နိုရာဆူးထွက်သွားတော့ ဒေးတစ်ယောက်တွေဝေကာကျန်ရစ်ခဲ့တော့သည်။ ဒီအလုပ်က အန်တီနိုပြောသွားသလောက်လွယ်ပါ့မလား။ တစ်ဖက်ကယော သူ့လိုလူကိုလက်ခံယောလက်ခံပါ့မလား။ တစ်ဖက်ကလက်ခံလို့အလုပ်ပြီးသွားခဲ့ရင် သူလိုချင်တဲ့ဘဝမျိုးကိုရမယ်ဆိုတာတဂယ်ပဲလား။ ဒေးအတွေးထဲမေးခွန်းတွေပေါင်းစုံဟာအဖြေမရှိဖြစ်လို့နေသည်။
ဒိုင်း......
"Ray!....ဖောက်.....အ့"
"ဟာ အကို....ဒီကောင်တွေ"
ဒိုင်း....ဖောင်း.....ဒိုင်း....
မြို့ပြင်နေရာတစ်ခုက တိတ်ဆိပ်တဲ့စက်ရုံဂိုဒေါင်အဟောင်းကြီးဟာ ခဏအတွင်းသေနပ်သံတွေဆူညံ့သွားတော့သည်။
Topနဲ့Rayဟာမနေ့ကအလိမ်ခံထားရတဲ့ပစ္စည်းအတွက် တစ်ဖက်နေရာသို့သွားရောက်စာရင်းရှင်းတဲ့အခါ ဟိုဘက်ကတာဝန်မယူနိုင်ဘူးဆိုပြီးမချေမငံပြန်ပြောပြီး သေနပ်ဖြင့်စတင်တိုက်ခိုက်တော့ TopကRayကိုကာကွယ်လိုက်ကာ လက်မောင်းထိမှန်သွား၏။
နှစ်ယောက်ထဲဆိုပြီး တစ်ဖက်ကအနိုင်ရမယ်ထင်သော်လည်း ရှိန်းမာန်ကြိုမြင်ပြီးတိတ်တဆိပ်အနောက်ကလူတွေလွှတ်ပေးလိုက်တာကြောင့် ဟိုဘက်ကအထိနာသွားကာ ထွက်ပြေးသူတွေကထွက်ပြေးသွားကြပြီး စပြစ်တဲ့ကောင်ကတော့Rayဖြစ်လိုက်တဲ့သေနပ်ဒဏ်ရာနဲ့အတူကြမ်းပြင်ပေါ်လဲနေတဲ့အပြင် Rayရဲ့အပေါ်စီးကနေခွထိုးချင်းကိုလဲခံနေရ၏။
![](https://img.wattpad.com/cover/355920640-288-k774486.jpg)
YOU ARE READING
Error(ပြင်စင်နေဆဲ Fic)
Acciónဒါကဒွိလိင်လေးပါ လီလီအများကြီးမပြောတော့ပါဘူး လီလီရေးနေကြအတိုင်း 18+ကိုမွDramaလဲပါပါမယ် (ဒီFicကအစပြန်ပြင်နေပါသည်)