Part (5)

552 41 0
                                    

Unicode

"ကိုယ်က..."

အရှေ့ကလိုက်ကာမှိန်မှိန်ကိုလက်ဖျားလေးနှင့်အသာထိတွေ့နေတဲ့ဂျွန်က သူ့ရှော့ခ်ရသွားစေမယ့်အကြောင်းကိုပြောပြလာတော့သည်။

"Heliophobia ဆိုတဲ့ အလင်းရောင်နဲ့ထိတွေ့ရမှာကြောက်တဲ့ရောဂါရှိနေတာ ဧည့်သည်လေးရဲ့"

"ဗျာ"

အလင်းရောင်နဲ့ထိတွေ့ရမှာကိုကြောက်တာတဲ့လား...။ ဒါဘယ်လိုအခြေအနေမျိုးပါလိမ့်ဂျွန်။

"စိတ်ကျန်းမာရေးပဲပြောရမလား ကိုယ်လူမှန်းသိတတ်စအရွယ်ကစပြီးဒီလိုဖြစ်နေခဲ့တာ"

ထိုင်ရာကနေသူ့အနောက်ထိရောက်လာတဲ့ထယ်ယောင်းကို လှည့်ကြည့်ကာရင်ဖွင့်လာပုံရတဲ့ဂျွန်က အပြုံးဖွဖွနှင့်။ ကောလဟာလတွေနဲ့ရောဂါကိုအန်တုရင်းဒီအချိန်ထိတစ်ယောက်တည်းနေလာခဲ့တဲ့ဂျွန်ကိုကြည့်ရင်းစိတ်ထိခိုက်ရသည်။ စိတ်ဆောင်နေရင်းသတိထားမိတဲ့အချိန်ရောက်တော့ သူကဂျွန်ကိုအနောက်ကနေသိုင်းဖက်ထားပြီး ဂုတ်ပေါ်မေးလေးတင်ထားပြီးသား။

"တစ်ခါတစ်လေကျတော့လည်း အလင်းရောင်အစစ်အမှန်နဲ့နေရောင်ခြည်တွေကိုအရမ်းခံစားကြည့်ချင်တာပဲ ဒါပေမယ့်ဒီလိုလုပ်ဖို့ကိုယ့်မှာအခွင့်အရေးမရှိဘူးဧည့်သည်လေးရဲ့ ဆရာဝန်ဆိုရင်လည်းစိတ်ကျန်းမာရေးဆရာဝန်တွေရော ရိုးရိုးဆရာဝန်တွေရောစုံခဲ့တာပေါ့ ဘယ်သူမှပျောက်ကင်းအောင်ကုမပေးနိုင်ခဲ့ကြဘူး"

"အားမလျှော့ပါနဲ့ဂျွန် အဆင်ပြေသွားမှာပါ"

ဖက်တွယ်ထားတဲ့သူ့လက်တွေကို ပြန်လည်အုပ်မိုးကာကိုင်လာတဲ့ဂျွန့်လက်ဖဝါးနွေးနွေးတို့။

"တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်တော့ ဧည့်သည်လေးနဲ့အတူနေရောင်အောက်လမ်းလျှောက်ရရင်ကောင်းသားကွာ ကိုယ့်ရဲ့စိတ်ကူးလေးပေါ့ ဒီလောက်ဆိုကိုယ့်ရဲ့စိတ်ကိုသိလောက်ရောပေါ့ ဖြစ်နိုင်ချေအရမ်းနည်းမှန်းသိပေမယ့် မင်းလက်ကိုတွဲရင်းလမ်းလျှောက်မယ် မင်းစီးတဲ့စက်ဘီးလေးနောက်ကနေထိုင်လိုက်မယ်...နေရောင်နုနုအောက်မှာပွင့်လန်းနေတဲ့ဒေစီပန်းလေးတွေကိုကိုယ်တိုင်လှလှလေးစည်းပေးပြီး မင်းကိုပေးမယ်"

Heliophobia {Completed}Where stories live. Discover now