Part (3)

693 52 0
                                    


Unicode

ဂျွန့်အခန်းထဲကရေချိုးခန်းထဲခြေလက်သန့်စင်နေရင်း ချွေးစတို့ကပ်ညိထားတာကြောင့်ခန္ဓာကိုယ်ကမနေတတ်တော့လို့ ရေချိုးလိုက်ရတော့သည်။ မြင်းပေါ်ကပြုတ်ကျထားတဲ့ဒဏ်ရာကရေထိမှသိသိသာသာကို နာကျင်လာတော့သည်။ အောက်နှုတ်ခမ်းကိုဖိကိုက်ထားပြီးသည်းခံထားရကာ အနီးနားမှာရှိတဲ့မှန်ကနေတစ်ဆင့်ကြည့်လိုက်တော့ ကျောပြင်တစ်ခုလုံးကပွန်းပဲ့ရာတွေနဲ့အတူညိုမဲစွဲရာအကွက်လိုက်ကြီးရှိနေသည်။ လှုပ်ရှားရင်တောင်နာနေတာမို့ အဝတ်တောင်ဝတ်လို့အဆင်မပြေနိုင်ပဲ တဘက်ပဲအပေါ်ယံခြုံကာရေချိုးခန်းထဲကထွက်လာလိုက်တော့ ဂျွန်ကနိုးနေပြီဖြစ်ပြီးအိပ်ယာပေါ်မှာထိုင်နေသည်။

"ဂျွန်..."

သူခေါ်လိုက်တော့ဆတ်ခနဲလှည့်ကြည့်လာတဲ့ဂျွန်ကအံ့သြနေပုံရသည်။

"ဧည့်သည်လေး ဒီကိုဘယ်လို"

"ဂျွန်မနေ့ကမေ့လဲသွားတာလေ မှတ်မိရဲ့လား"

မေ့လဲသွားတာလား...ဟုတ်ပါရဲ့ သူ့အရှေ့ကကောင်လေးမြင်းပေါ်ကပြုတ်ကျသွားတော့ ဘာကိုမှသတိမပြုမိတော့ပဲနေရောင်ထဲပြေးထွက်သွားခဲ့တာ။ အဲဒီအချိန်တုန်းက သူဟာခါတိုင်းလိုပဲပြတင်းလိုက်ကာနောက်ကနေ ကောင်လေးရဲ့အပြုအမူတစ်ခုချင်းဆီကိုလိုက်ပါငေးမောနေခဲ့တာပေါ့။

အေးခဲလှတဲ့ဆောင်းမနက်ခင်းကြီးမှာ သူကအတန်ငယ်စိတ်မရှည်မှုတို့ဖြင့်အိမ်ကိုလာမယ့်ဧည့်သည်ရောက်ရှိလာမယ့်အချိန်ကိုစောင့်ဆိုင်းနေရသည်။ ဧည့်သည်...သူ့ဘဝထဲမှာတော့တော်ရုံတန်ရုံမတွေ့ကြုံရတဲ့လူတွေပေါ့။ ​ကြောက်လို့ပဲဖြစ်စေ ရှောင်ရှားချင်လို့ပဲဖြစ်စေ ဂျွန်သခင်ကြီးနဲ့ဂျွန်အိမ်တော်ဆိုတဲ့အရာနှစ်ခုကို လူတိုင်းကသေမလိုကြောက်ရွံ့ထိတ်လန့်ကာ အိမ်ရှေ့ကနေတောင်ဖြတ်လျှောက်ကြသူတွေမဟုတ်။ ဒီဧည့်သည်ကတော့ထိုသူတွေလိုအကြောက်အလန့်မရှိတာမဟုတ်ရင် သူ့အကြောင်းတွေကိုမကြားဖူးသေးတဲ့လူဖြစ်မည်။ ထားပါလေ ဘယ်လိုပဲဖြစ်ဖြစ်သူ့အ​ကြောင်းကြားဖူးတာနဲ့ တစ်ခါတည်းအထုပ်ဆွဲပြီးပြန်ပြေးသွားမှာပဲဟာ။

Heliophobia {Completed}Where stories live. Discover now