Part (7) Final

835 53 0
                                    

Unicode

"ဘယ်လိုလုပ်ပြီးထွက်လာတာလဲ ဂျွန်"

"ဧည့်သည်လေးကိုလာရှာတာပါဆိုနေ ကိုယ့်နားမလာတော့ဘူးလား"

ဂျွန့်နားပြေးသွားကာ လွမ်းနေရတဲ့ကိုယ်လုံးလေးကိုဖက်တွယ်ထားမိသည်။ အနောက်နိုင်ငံမှာတော့ဒါကမထူးဆန်းတဲ့အပြုအမူပဲဖြစ်လို့ကျောင်းသားတွေကပါ ဖာသိဖာသာပင်နေကြသည်။ သူ့ရဲ့ဂျူနီယာတွေကိုနှုတ်ဆက်လိုက်ပြီးဂျွန့်လက်ကိုဆွဲကာ ကျောင်းထဲကိုလိုက်ပြရန်စိတ်ကူးမိသည်။

"ကျွန်တော်ကျောင်းထဲလိုက်ပြပေးရမလားဂျွန်"

"အင်း ဧည့်သည်လေးစာသင်တဲ့အခန်းကိုအရမ်းမြင်ချင်တာပဲ"

အပြုံးတို့တောက်ပနေတဲ့သူက အခုမှနေပူထဲကိုထွက်လာတာမလို့အသားအရည်တို့ကနေလောင်ပြီးအနည်းငယ်နီနေကာချွေးစတို့ကပ်ညိနေသည်။ ဘယ်ဘက်အိတ်ကပ်ထဲမှာအလှသဘောနဲ့ခေါက်ထည့်ထားတဲ့လက်ကိုင်ပုဝါလေးကိုထုတ်ကာ ဂျွန့်ရဲ့ချွေးတွေကိုသုတ်ပေးတော့အသာငြိမ်ခံသည်။

"လာဂျွန် အရှေ့ဆိုရင်အရိပ်ထဲရောက်ပြီ ကျွန်တော့်အခန်းကဟိုနားလေးမှာ"

ကော်ရစ်တာတစ်လျှောက် အနားယူရင်းထိုင်ရန်ထားပေးထားတဲ့ထိုင်ခုံပေါ်ဂျွန့်ကိုထိုင်စေလိုက်ကာ ပင်ပန်းလို့ခပ်နွမ်းနွမ်းဖြစ်နေတဲ့ဂျွန့်မျက်နှာကိုကြည့်ရင်း စိတ်မကောင်းဖြစ်ရသည်။

"ကျွန်တော့်ကြောင့်နဲ့ပင်ပန်းသွားရပြီဂျွန်"

"မပင်ပန်းပါဘူး ကိုယ်ကမင်းနဲ့အတူသွားခွင့်ရပြီမလို့ပျော်တောင်ပျော်ပါသေးတယ် စိတ်မကောင်းမဖြစ်ပါနဲ့"

"ဒါနဲ့ဂျွန်ကတကယ်ကြီးဘယ်လိုရောက်လာတာလဲ"

"အရမ်းလွမ်းလာလို့လေ အားတင်းပြီးလာခဲ့ကြည့်တာ...အများကြီးကြောက်ပေမယ့်ဧည့်သည်လေးနဲ့တွေ့မယ်ဆိုတဲ့စိတ်လေးနဲ့လေ"

"တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဂျွန်ရယ် ဟင် ဒီလောက်အဝေးကြီးကို"

"မဖြစ်ပါဘူးဆို အခုအကောင်းကြီးလေကွာကိုယ့်ကောင်လေးကလည်း"

Heliophobia {Completed}Where stories live. Discover now