''ရှောင်းကျန့်......စီးနေတုန်းတစ်ခုခုဖြစ်လာရင် ကိုကို့ ကိုချက်ချင်းပြောနော် တစ်ယောက်တည်းအောင့်အီးခံမနေနဲ့ ''
''အင်းပါ.....ရိပေါ်ရဲ့ ''
''အလိုလိုက်တာ ဒီတစ်ခါနောက်ဆုံးနော် နောက်တစ်ခါအန္တရာယ်များတာ တောင်းဆိုရင်မလိုက်လျောတော့ဘူး...... အခုမစီးတော့ဘူးဆိုရင်ရော ''
''စီးမှာလို့..... စီးမှာ ငါစီးချင်တာမဟုတ်ဘူးလို့ မင်းရဲ့သားတွေကစီးချင်နေတာကို.....ပြီးတော့ ငါကလူသားတစ်ယောက်မှမဟုတ်တာ မင်းစိတ်ချပါ ကိုကို ''
''မြေခွေးကြီးကျန့်ကို ......ကျွန်တော်မျိုးကဘဲ အလျော့ပေးပါမယ် ''
''အဲ့ဒါကြောင့်.....ငါက ကလေးတွေအဖေကို ချစ်နေရတာ ''
''ဟင်း.....ပြီးရော လာ ကိုကို အကာအကွယ်တွေဝတ်ပေးမယ် ''
ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့အနားကပ်လျှောက်သွားလိုက်တော့ ဝမ်ရိပေါ်က ပြိုင်ကားစီးရာမှာသာမန်ထက်ပိုတဲ့ အကာအကွယ်တွေကိုဝတ်ပေးတော့သည်။
''ရိပေါ်.....မင်းဝတ်ပေးတာတွေက မများလွန်းဘူးလား ငါ....လေထိုးရုပ်ကြီးလိုကားကားကြီးဖြစ်နေပြီ''
''မများဘူး....... ရှောင်းကျန့်.....တစ်ကယ်လို့မဝတ်ချင်ရင်မစီးနဲ့တော့လေ ''
''စီးမှာ...... စီးမှာလို့......မစီးဖို့ဘဲပြောနေတယ် ငါ ငိုလိုက်မှာနော် ''
''မပြောတော့ပါဘူး ဗျာ..... မင်းလေးသဘောကျပါ''
ရှောင်းကျန့်က ဝမ်ရိပေါ်ကိုမျက်စောင်းထိုးပြီးသူ့ရှေ့ကနေ ကားပြိုင်ကွင်းဆီသို့လျှောက်သွားသည်။ဝမ်ရိပေါ်က ရှည်လျားတဲ့သက်ပြင်းရှည်ကြီးကိုသာချလိုက်ပြီး မြေခွေးကြီးကျန့်ရဲ့အနောက်ကိုသာ ပြေးလိုက်သွားလိုက်ရသည်။
ကားပြိုင်ကွင်းထဲမှာတော့ ဘယ်သူမှရှိမနေ။ ဘာဖြစ်လို့လဲဆိုတော့ဒီကွင်းက ဝမ်group
က မကြာသေးခင်ကမှ တည်ထောင်ထားတဲ့ racer ကလပ်တစ်ခုဖြစ်သည်။ဝမ်ရိေပါ်က CEO အာဏာနဲ့ တစ်ရက်လုံးကားပြိုင်ိကွင်းအားယူထားလိုက်တာဖြစ်တယ်။ ဝမ်ရိပေါ်က အရင်လကဘဲ CEO နေရာကိုအဘိုးဆီကနေလက်လွှဲယူလိုက်ရပြီ ။ အကြောင်းကတော့ မမွေးလာသေးတဲ့ ဝမ်ပေါက်စနှစ်ကောင်ရဲ့ရေရှည်အတွက်ပိုက်ဆံရှာဖို့ ဖြစ်သည်။ racer အလုပ်ကိုတော့ မစွန့်လွှတ်နိုင်တာကြောင့်အခွင့်သင့်ရင် သင့်သလို ဝင်ပြိုင်
ဖြစ်သည်။
![](https://img.wattpad.com/cover/346162776-288-k792909.jpg)
YOU ARE READING
My roommate is a fox (completed)
Fanfictionကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ လူတစ်ယောက်ကို အားနည်းတယ် ထင်တတ်ကြပေမယ့် အထင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ် ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ လူတစ်ယောက်ကို အားနည်းတယ် ထင်တတ်ကြပေမယ့် ကျွန်တော်တို့အထင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ် start-8.7.2023 end-4.11.2023