မျက်ပေတုံးသေးသေးလေး နှင့် မျက်ဝန်းသွယ်သွယ်လေးနှစ်ခုက မြင်နေရသော လူတိုင်းအဖို့ချစ်စဖွယ်အတိပင်။ အမြွှာဖြစ်ပေမယ့်တစ်ယောက် တစ်ရုပ်ထွက်နေတဲ့ ကလေးလေးနှစ်ယောက်က ဖခင်နှစ်ယောက်နှင့် တစ်ပုံစံတည်း ထပ်တူညီနေကြသည်။
''အဲ့..... အဲ့ ''
''ကျွတ်....ကျွတ်..... ''
ကလေးနှစ်ယောက်ရဲ့ ကိုယ်အပေါ်ထက် ရင်ဘတ်ကလေးလုံအောင်ထိ စောင်ပန်းရောင်ဖျော့ဖျော့လေးအောင် လွမ်းခြုံပေးလိုက်တော့ ရယ်မောလာသော အသည်းတုံလေးနှစ်ယောက်ပင်။
''ဒယ်ဒီ......ရဲ့သားတွေက တစ်ကယ့်ကိုချစ်မွှေးလေးတွေ...... ''
''ဟော.....ရိကျန့်က အိပ်သွားပြီ ''
''အဲ့.......အဲ့ ''
''ကိုကိုက အိပ်ပျော်သွားပြီလေ ရှောင်းပေါ်ရဲ့..... ကိုကိုနိုးသွားမယ် ''
ရှောင်းကျန့် ကဆူသလိုလေးပြောလိုက်တော့ ရှောင်းပေါ်လေးက သူ့အစ်ကိုရိကျန့်ဘက်လှည့်ကာ ကြည့်နေသည်။ အစွမ်းတွေနဲ့ မွေးဖွားလာသည့်ကလေးတွေကြောင့် အခြားမွေးကင်းစကလေးတွေထက်ပင် ဉာဏ်ရည်မြင့်မားသည်။
''ရှောင်းပေါ်က.... မအိပ်ချင်သေးလို့ထင်တယ် ကျန့်ကျန့် ''
''ကိုကို့သားက..... မအိပ်ချင်သေးတာမဟုတ်ဘူး သပ်သပ်မဲ့ဂျီကျနေတာ..... အခုမှသုံး ရက်သားဘဲရှိသေးတာ ဒီလောက်တောင်ဂျီကျနေပြီ ''
'' ရှောင်းပေါ်က ကိုကိုနဲ့တူပေမယ့် မင်းလိုအဆိုးလေးထင်တယ် ''
''ရိပေါ်နော်..... ငါက မဆိုးဘူး မင်းအလိုလိုက်လို့ ရစ်မိတာလေးတစ်ခုဘဲ ''
''အလည်လေး.....ကလေးတွေရဲ့ပါးပါး ဖြစ်နေပြီ ကိုကို့ကို အခုထိရစ်တုန်း ''
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့လည်ပင်းလေးကိုအသာလေးဆွဲကာ နှုတ်ခမ်းချင်းထိစပ်လိုက်သည်။
''ရိပေါ်....မင်းနော် ရှောင်းပေါ်လေးက ကြည့်နေပြီ ''
ဝမ်ရိပေါ်ရဲ့လက်ဝါးက မျက်ပေတုံးလေးဖြင့်ကြည့်နေတဲ့ရှောင်းပေါ်ရဲ့မျက်လုံးလေးကို အသာလေးကွယ်လိုက်သည်။ ပြီးတော့နမ်းလို့မဝသေးတဲ့နှုတ်ခမ်းပါးအား ထပ်မံ၍အကြင်နာတွေပေးလိုက်တယ်။
![](https://img.wattpad.com/cover/346162776-288-k792909.jpg)
YOU ARE READING
My roommate is a fox (completed)
Fanfictionကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ လူတစ်ယောက်ကို အားနည်းတယ် ထင်တတ်ကြပေမယ့် အထင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ် ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ လူတစ်ယောက်ကို အားနည်းတယ် ထင်တတ်ကြပေမယ့် ကျွန်တော်တို့အထင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ် start-8.7.2023 end-4.11.2023