ကော်ရစ်ဒါ တစ်လျှောက် စာအုပ်တွေအ
ထပ်လိုက်ကုိမကာ ရှောင်းကျန့်က ဌာနရုံးခန်းဆီ ဉီးတည်၍ လျှောက်လာခဲ့သည်။ ကျောင်းသားများ၏ assignment မှတ်တမ်းစာအုပ်များအား သက်ဆိုင်ရာ နေရာတွင်ထားခဲ့ပြီး ရုံးခန်းမှပြန်ထွက်လာခဲ့တယ်။အကွေ့တစ်နေရာအရောက်တွင် လက်အားရုတ်တရက်ဆောင့် ဆွဲခံလိုက်ရပြီး toilet ထဲသို့ဆွဲသွင်းခံလိုက်ရသည်။
နံရံမှာ အဖိကပ်ခံလိုက်ရတာ ကြောင့် ရှောင်းကျန့်က သူ့အားခေါ်လာ သူအား မျက်ဝန်းများ
ဖြင့်ဝင့်ကြည့်လိုက်တော့ သူ့ရဲ့ပထမဆုံး လူသားသူငယ်ချင်းလေး ဝမ်ရိပေါ်။''ရှောင်းကျန့်..... လန့်သွားလား sorry ငါ...နည်းနည်း.....လောသွားလို့ ''
''အင်း....ရိပေါ် ...မင်းဘာပြောမလို့လဲ ''
ဝမ်ရိပေါ်က နံရံမှာလက်ထောက်ထားရင်းပင် ရှောင်းကျန့်အား
''ငါ ဒီနေ့ ကားပြိုင်ကွင်းသွားမလို့ မင်းလိုက်မလား ရှောင်းကျန့် ......ငါ....သွားရင်မင်းတစ်ယောက်တည်း ကျန်ခဲ့မှာစိုးလို့ ''
''ရိပေါ်.....က ငါ့ကိုလိုက်စေချင်လို့လား ''
''အင်း.....မင်းလိုက်မလား ''
''လိုက်ခဲ့မယ်........ ရိပေါ် ''
''ဒါဆို အတန်းပြီးတာနဲ့ ငါ့ဆိုင်ကယ်ထားတဲ့နေရာကိုလာခဲ့ပါလား.... ''
ရှောင်းကျန့်က ေခါင်းလေးသာအသာငြိမ့်ပြီး သူသဘောတူကြောင်း ပြောတော့ ဝမ်ရိပေါ်က အသည်းယားသွားဟန် ရှောင်းကျန့်ရဲ့ ဆံပင်လုံးလုံးလေးအား လက်ဖြင့်အသာထိုးဖွလိုက်သည်။
ရှောင်းကျန့်ကတော့ ရုတ်တရက်ပြုမူလိုက်သော ဝမ်ရိပေါ်ရဲ့အပြုအမူကြောင့် မျက်ဝန်းတို့က ဝိုင်းစက်သွားကာ အုပ်မိုးထားသော ဝမ်ရိပေါ်အားမော့ကြည့်လိုက်သည်။
ဝမ်ရိပေါ် သူ့အားမော့ကြည့်လာသော မျက်ဝန်းတို့ဖြင့် အကြည့်ချင်းစုံမိသွားသည်။ ရှောင်းကျန့်ရဲ့ မျက်ဝန်းတို့အားမြင်လိုက်ရသော သူ့အဖို့ကတော့ universe ထဲသို့အလည်အပတ်ရောက်သွားသလို ပင်။
ရှောင်းကျန့်ရဲ့အရည်လဲ့နေတဲ့ မျက်ဝန်း ကိုသေချာကြည့်မယ်ဆိုရင်ကြယ်လေးများဖြင့်ပြည့်နှက်နေသည့် မျက်ဝန်းနက်နက်လေး၏အလှတရား လေးအားတွေ့မိလိမ့်မည်။
YOU ARE READING
My roommate is a fox (completed)
Fanfictionကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ လူတစ်ယောက်ကို အားနည်းတယ် ထင်တတ်ကြပေမယ့် အထင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ် ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ လူတစ်ယောက်ကို အားနည်းတယ် ထင်တတ်ကြပေမယ့် ကျွန်တော်တို့အထင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ် start-8.7.2023 end-4.11.2023