racerလောကမှာ အသစ်ပေါ်ထွက်လာသော နတ်ဘုရားတစ်ပါး racer85 ။ နိုင်ငံအဆင့်ပွဲစင်မှာပထမဆုံးဝင်ရောက်ယှဉ်ပြိုင်မှုမှ ချန်ပီယံဆွတ်ခူးရရှိသွားတဲ့ တက်သစ်စလူငယ် ဝမ်ရိပေါ်....... စသဖြင့်ခေါင်းစဉ်များဖြင့် weibo မှာhot ဝင်နေသလို သတင်းစာခေါင်းစဉ်ပိုင်းတွင်လည်းထိုသတင်းက နေရာယူထားသည်။
ဝမ်ဉက္ကဌက လက်ထဲမှာကိုင်ထားသော သတင်းစာအား စားပွဲခုံသို့ပြန်ချလိုက်သည်။ သူ့ရဲ့အကြည့်တို့က စားပွဲခုံအောက်မှာရှိတဲ့အံ့ဆွဲသို့ရောက်သွားသည်။လျို့ဝှက်နံပါတ်ရိုက်ထည့်လိုက်ပြီး အံ့ဆွဲအားဖွင့်လိုက်တော့ မှုန်ဝါးနေသောအဖြူအမဲဓာတ်ပုံလေးတစ်ပုံအားတွေ့လိုက်ရသည်။
ဆုဖလားတွေဖြင့်အောင်ပွဲခံနေကာ ပြုံးရွှင်နေသောအမျိုးသားတစ်ယောက်နှင့်ထို အမျိုးသား၏ဘေးမှာလည်း အမျိုးသားအားဂုဏ်ယူစွာဖြင့်
ငေးမောကြည့်နေသော အမျိုးသမီးတစ်ယောက်အားတွေ့ရသည်။ ဝမ်ဉက္ကဌက ဓာတ်ပုံထဲရှိအမျိုးသမီး၏ မျက်နှာလေးအား တုန်ယင်နေသောလက်အစုံဖြင့်ဖွဖွလေးထိတွေ့လိုက်သည်။အသက်အရွယ်ကြီးရင့်လို့ စိတ်သွားတိုင်းကိုယ်မပါတော့ပေမဲ့ သူ့အမျိုးသမီးကို ချစ်မြတ်နိုးမှုကပျောက်ပျက်မသွားခဲ့သေးပေ။ ဆက်ပြီးရှင်သန်ဆဲ။
''မင်းရဲ့မြေးက မင်းအတိုင်းဘဲခေါင်းမာတာက ငါနဲ့ကေတာ ့ဝါသာနာခြင်းလာတူနေတယ်...ဟားဟား''
ဓာတ်ပုံအားအသာပြန်ချလိုက်ပြီး ဘေးနားရှိ ကားသော့အဟောင်းလေးအားကောက်ယူလိုက်သည်။ ပြီးတော့ သူ့ရဲ့အိပ်ခန်းထဲမှထွက်ကာ အိမ်တော်မှာဘယ်သူမှဝင်ခွင့်မရှိတဲ့ ဂိုဒေါင်အဟောင်းလေးထဲသို့လျှောက်သွားလိုက်သည်။ သူ့ရဲ့လက်ဗွေရာဖြင့် ဂိုဒေါင်တံခါးအားဖွင့်စေလိုက်ပြီး အထဲဝင်သွားလိုက်သည်။
ဂိုဒေါင်ထဲရောက်တာနဲ့မီးခလုတ်နေရာအား ဖွင့်လိုက်သည်နှင့် သူ့ရဲ့မိတ်ဆွေဟောင်းကြီးက သူ့အားစီးကြိုလို့နေဆဲပင်။
20 ရာစုဉီး က ထွက်ပေါ်ခဲ့သောပြိုင်ကားအမျိုးအစားက ယခုချိန်မှာမရှိတော့သလောက်ဖြစ်သလို အသစ်သစ်တွေကိုသာလူတိုင်းကစိတ်ဝင်စားလာကြသည်။ ဒါပေမယ့်
ဝမ်ဉက္ကဌ က သူ့ရဲ့မိတ်ဆွေဟောင်းကြီးကိုတော့ မစွန့်လွှတ်နိုင်ခဲ့ပေ။

YOU ARE READING
My roommate is a fox (completed)
Fanficကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ လူတစ်ယောက်ကို အားနည်းတယ် ထင်တတ်ကြပေမယ့် အထင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ် ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ လူတစ်ယောက်ကို အားနည်းတယ် ထင်တတ်ကြပေမယ့် ကျွန်တော်တို့အထင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ် start-8.7.2023 end-4.11.2023