ကိုကို့ရဲ့အချစ်တော် (အပိုင်း-၁)

2.8K 72 0
                                    

သာယာတဲ့မနက်ခင်းတစ်ခုဝယ် ရှောင်းအိမ်တော်ဘက်မှာတော့အော်ငိုသံတစ်ခုကစူးခနဲကြားနေရသည်။

"အီးဟီး တားတားချောကရက် ချားချင်တာပါချို ဘယ်တူမှ မကျွေးကြဝူး အီးဟီး ဗြဲ......."

"သားရယ် မေမေတို့ကသားလေးသွားပိုးစားနေလို့မကျွေးတာလေကွယ် အရင်လကပဲ့သားလေးအချိုတွေတအားစားတာများလို့သွားနှုတ်ထားရတယ်လေကွယ် မငိုနဲ့နော်တိတ်တိတ် မေမေ သားကြိုက်တဲ့မုန်လာဥဖျော်ရည် တိုက်မယ်လေ"

ဒီလိုပါပဲ ရှောင်းလင်မယားဟာအသက်ကြီးမှကလေးရကြတော့ ရှောင်းကျန့်လေးကိုဖူးဖူးမှုတ်အလိုလိုက်ထားတော့ တစ်ခုခုသူလိုလျင်တာမရရင် အာပြဲကြီးနှင့်သာအော်ငိုတတ်သည်။မျက်လုံးဝိုင်းဝိုင်းလေးနဲ့အသားဖြူဖြူ ပါးဖောင်းဖောင်းနှုတ်ခမ်းပါးပါးလေးနဲ့ ပြီးတော့ရှေ့ကသွားနှစ်ချောင်းကြီးနေသော ရှောင်းကျန့်လေးမှာ မြင်သူတကာချစ်ခင်မှုကိုရရှိထားလေသည်။ ဒါ့အပြင်ကိုယ်လုံးလေးဟာလည်းပြည့်ပြည့်ဝဝလေးနဲ့ လက်တုတ်တုတ် ခြေတုတ်တုတ်လေးနဲ့ အတော်ပင်ချစ်စရာကောင်းလှလေသည်။ဒါတွေကြောင့်လည်းအမောင်ရှောင်းကျန့်တို့ကအဆိုးအဆာလေးဖြစ်နေတော့သည်။အခုလည်းသူသွားပိုးစားနေလို့အချိုမစားခိုင်းတာကိုအာပြဲနဲ့အော်ငိုနေပါသေးသည်။ပြီးရင်သွားကိုက်တယ်ဟုတဖန်ပြန်ငိုအုံးမည်။
ဒါပေမဲ့ ရှောင်းကျန့်လေးကိုတော့ဘယ်သူမှမဆူရက်မအော်ရက်အောင်လည်းထိုကလေးကအမျိုးမျိုးချွဲတတ်ပါသေးသည်။မျက်လုံးရွှဲ‌ကြီးနဲ့ချစ်စရာအသံလေးနဲ့ချွဲလိုက်လျှင် မည်သူမျှ သူလိုချင်တာ မလုပ်ပေးချင်သူမရှိပေ။အခုလည်း သူစားချင်တာစားပြီးတာနဲ့အိမ်ပေါ်ကသူ့အခန်းသို့တက်သွားလေသည်။

‌အခန်းထဲတွင်ရှောင်းကျန့်လေးတစ်ယောက် ကုတင်ပေါ်တွင် မှောက်ယက်လေးအိပ်ကာ နှုတ်ခမ်းလေးစူလျက် ပါးစပ်ကလည်းဘာတွေပြောနေမှန်းမသိ တတွတ်တွတ်ပြောနေပြန်သည်။

"ဟင့် တိုတိုကယဲ အထုထိ ယာသေးဝူးရားမတိဝူး ကျန့်ကျန့်ယေးကလွမ်းလှပီတို တိုတိုရေ ညန်ညန်ယာပါတော့ယို့"

ထိုစဉ် အခန်းတံခါးဝ၌

"ကလေးလေးကျန့်ရေ ကိုကိုပြန်လာပါပြီခင်ဗျာ"

ကိုကို့ရဲ့အချစ်တော် (Complete)Where stories live. Discover now