ကိုကို့ရဲ့အချစ်တော် (အပိုင်း-၂)

1.3K 58 0
                                    

အချိန်တွေကြာလာတာနဲ့အမျှ အခုဆိုရင်ကျန့်ကျန့်လေးဟာအထက်တန်းကျောင်းသားလေးပင်ဖြစ်နေလေပြီ။ဝမ်ရိပေါ်ကတော့ ကျောင်းပြီးလို့ဘွဲ့ရပြီးကတည်းကသူ့အဖေကုမ္ပဏီတွင်CEO နေရာခံယူကာ အလြပ်လုပ်နေတော့သည်။ဝမ်ရိပေါ်ရဲ့ကုမ္ပဏီမှာစည်းကမ်းတင်းကျပ်မှု သူ့ရဲ့ကြိုးစားမှုကြောင့်လည်း ကုမ္ပဏီဟာဝမ်ပါးလက်ထက်ကထက်ပင်အောင်မြင်နေတော့သည်။သို့သော်ကျန့်ကျန့်လေးကိုတော့အခုထိအလိုလိုက်မြဲပင်။ဒီနေ့လည်းကလေးလေးကျောင်းပိတ်တော့ရုပ်ရှင်လိုက်ပြမယ်ဟူ၍ပြောထားခြင်းဖြစ်သောကြောင့် ရေမိုးချိုးပြီးပြင်ဆင်ကာ ကလေးလေးရှိရာရှောင်းအိမ်တော်ဘက်ကိုထွက်လာခဲ့သည်။သို့သော်ကလေးလေးကတော့ထုံးစံအတိုင်း အိပ်ရာကပင်မထသေးပေ။စောင်ပုံလေးထဲတွင်ပုစွန်တုပ်လေးလို့ ကွေးကွေးလေးအိပ်နေပုံကလေးကအတော်ပင်ချစ်စရာကောင်းလှသည်။ဝမ်ရိပေါ်ဟာလယပျိုပေါက်စလေးဖြစ်ပြီးအတော်လေးချစ်စရာကောင်းလှတဲ့‌ကျန့်ကျန့်လေးကိုချစ်မိနေသည်မှာအတော်ကြာပြီဖြစ်သည်။ကျန့်ကျန့်လေးငယ်သေးလို့ကတစ်ကြောင်း သူသာဖွင့်ပြောလိုက်ရင် စာဘက်ကိုအာရုံမစိုက်နိုင်မှာကတစ်ကြောင်းကြောင့်သာ ဖွင့်မပြောသေးတာပါ။ထိုပေမဲ့ ဝမ်ရိပေါ်ဟာအနာဂတ်အတွက်တော့ကြိုတင်ပြီးစီမံထားခြင်းဖြစ်သည်။အကြောင်းမှာကျန့်ကျန့်လေးကိုရှောင်မားဆီကတောင်းရမ်းထားခြင်းသာဖြစ်သည်။ရှောင်ပါးရောရှောင်မားရောကလည်း သူတို့သားလေးကိုဝမ်ရိပေါ်နှင့်သာလျှင်သဘောတူကြောင်းအတိအလင်းပြောထားပြီးပြီဖြစ်သည်။ဒါပေမဲ့ထိုအကြောင်းတွေကိုတော့ကျန့်ကျန့်လေးဘာမှမသိသေးပေ။မသိဆို ကျန့်ကျန့်လေးကိုအထက်အတန်းကျောင်းပြီးမှပြောပြမယ်လို့ ဆွေးနွေးထားကြခြင်းဖြစ်သည်။အခုတော့ကျန့်ကျန့်လေးပါးကိုခိုးနမ်းလိုက်ကာ အိပ်ပုတ်လေးကိုနှိုးရအုံးမယ်။ချစ်သူတွေဖြစ်မှအဝကိုနမ်းပစ်မယ်။

တစ်ဖက်ကအိပ်နေတဲ့ကျန့်ကျန့်လေးဟာလည်းအိပ်မက်ထဲတွင် ဝမ်ရိပေါ်နှင့်သာယာနေသည်။ဟုတ်ပါတယ်ကျန့်ကျန့်ဟာလည်းရင်ခုန်တတ်စအရွယ်ကတည်းကသူ့ကိုကိုဝမ်ရိပေါ်ကိုသာကြိတ်ပြီးချစ်နေခဲ့တာပါ။တစ်ချိန်ကျသူ့ကိုကိုနဲ့သာလက်တွဲသွားမယ်လို့လည်းရည်ရွယ်ချက်ချထားသောသူလေးပါ။ဒါပေမဲ့သူသာဖွင့်ပြောလိုက်လျှင် ဝမ်ရိပေါ်ကသူ့ကိုဂေးဆိုပြီးရွံမုန်းသွားမှာလည်းစိုးရိမ်နေမိတယ်။

ကိုကို့ရဲ့အချစ်တော် (Complete)Where stories live. Discover now