ကိုကို့ရဲ့အချစ်တော် (အပိုင်း-၁၀)(ဇာတ်သိမ်းပိုင်း)

1.3K 58 4
                                    

၃လရှိပြီ။ဟုတ်တယ်ကလေးလေးသတိမေ့နေတာသုံးလရှိခဲ့ပြီ။ဒီကြားထဲကလေးလေးကအသက်ပုံမှန်ရှူနေတာကလွဲလို့ဘာမှမထူးခြားလာခဲ့ဘူး။ ဆရာဝန်တွေရဲ့ပြောကြားချက်အရတော့ ဒဏ်ရာပြင်းထန်တာကြောင့်ရော ကြောက်လန့်သွားတာကြောင့်ပါပေါင်းပြီး သတိမေ့နေတာပါတဲ့။အခုဆိုရိပေါ်ရဲ့ကလေးလေးကအနည်းငယ်ပိန်လာနေပြီ။အစာလည်းကျွေးလို့မရဘူး ရေပဲ့တိုက်နေရတယ်။

ရိပေါ်ကတော့ကျန့်ကျန့်လေးလက်ကိုသူ့ပါးတွင်ကပ်ကာ အတိတ်ဆီသို့ အတွေးတွေကဖြန့်ကျက်လိုက်မိတယ်။

အဲ့ဒီနေ့က ဟုတ်တယ် ကျန့်ကျန့်ကားတိုက်တဲ့နေ့က ရိပေါ်စိတ်တွေဘယ်လိုဖြစ်သွားလဲဆိုတာ သူ့ကိုယ်သူပင်ပြောမပြတတ်ချေ။လုံးဝအသက်ရှူသံတွေရပ်သွားသလိုမျိုးဖြစ်နေခဲ့တယ်။သူ့မျက်လုံးထဲသွေးတွေဒလဟောထွက်နေတဲ့သူ့ကလေးလေးရဲ့ပုံရိပ်ကိုသာမြင်ယောင်နေမိတယ်။ပြီးတော့မျက်လုံး ဟုတ်တယ် ကျန့်ကျန့်မျက်လုံးတွေမှိတ်မသွားခင် ရိပေါ်ကို သူ့ကိုကယ်ပါဟူသော အကူအညီတောင်းတဲ့အကြည့်တွေ သူ ရိပေါ်ကိုမခွဲနိုင်ဘူးဟူသောအကြည့်တွေ သူ ရိပေါ်ကို အရမ်းချစ်တယ်ဆိုတဲ့အချစ်မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်။

ရိပေါ်ဆိုတာကလည်း သူ့ကလေးလေးသာသူ့ခေါင်းထဲရှိတဲ့သူသာဖြစ်၍ကားတိုက်တဲ့အမှုကိုခနဆိုင်းထားကာ သူ့ကလေးလေးအသက်ရှင်ဖို့အတွက်သာကြိုးပမ်းရတော့သည်။တကယ်ပါ အချိန်တွေကြာလာလေ ဒီကလေးကသူ့အတွက်မရှိမဖြစ်တဲ့လမ်းပြကြယ်လေး သူ့ဘဝလေး သူ့အသက်လေးဆိုတာ ရိပေါ်ပိုမိုသိလာခဲ့သည်။အခုလိုအဖြစ်အပျက်တွေဖြစ်သွားခဲ့တော့ ရိပေါ်မှာအရူးလိုပင်ဖြစ်ခဲ့ရသည်။ဆရာဝန်ရဲ့အသက်အန္တရာယ်မှ လွတ်ကင်းပါပြီဟုစကားကြားမှသာ သူ့အသိစိတ်ပြန်ဝင်လာတော့သည်။

ထိုမှသာ ရိပေါ်ဟာသူမွေးထားတဲ့မာဖီးယားအဖွဲ့ကိုခေါ်ကာ ကားတိုက်တဲ့နေရာကစီစီတီဗွီကိုသွားစစ်ခိုင်းခဲ့သည်။ရိပေါ်ဆိုတာအချဉ်မဟုတ် ကျန့်ကျန့်ကားတိုက်တာဟာသာမာန်မဟုတ်မှန်းသိနေခဲ့ပြီးသားပင်။ဒါကြောင့်လည်းသူအသေးစိတ်စုံစမ်းဖို့သူ့လူတွေကိုစေခိုင်းခဲ့တာပေါ့။

ကိုကို့ရဲ့အချစ်တော် (Complete)Where stories live. Discover now