ကိုကို့ရဲ့အချစ်တော် (အပိုင်း-၈)

919 51 0
                                    

"ကျန့်ကျန့်သူငယ်ချင်းတွေနဲ့ဘားသွားချင်လို့"

"ဘာ"

ရိပေါ်ခမျာသူ့ကလေးစကားကိုကြားပြီးအံ့ဩလို့မဆုံးပေ။ဒီကလေးအရင်ကဘားဆိုတာဘာမှန်းတောင်မသိပဲ အခုမှဘယ်သူမြှောက်ပေးလိုက်တာလဲမသိပေ။သူလေးကအရမ်းဖြူစင်လွန်းလို့ ရိပေါ်ကတစ်ချို့အမှောင်ဘက်ခြမ်းကအရာတွေကိုမပြောပဲထားထားခဲ့တာ။

ကျန့်ကျန့်မှာလည်းရိပေါ်အော်သံကြောင့် လန့်သွားပြီး သူပြောတာဘာများမှားလို့လဲဆိုပြီးပြန်တွေးနေမိတယ်။ဘားဆိုတာက သူငယ်ချင်းတွေအပြောအရ အရမ်းပျော်စရာကောင်းတယ်တဲ့။ဒါကို ကိုကိုကသူ့ကိုဘာကြောင့်အော်ရတာလဲ။

"ကျန့်ကျန့် ကလေးလေး ကိုကိုမေးမယ် ဘားဆိုတာဘာလဲ ကျန့်ကျန့်သိလား"

"ဟင့်အင်း ကျန့်ကျန့်မသိဘူး ကျန့်ကျန့်သူငယ်ချင်းတွေပြောတာကတော့အရမ်းပျော်စရာကောင်းတယ်တဲ့"

"အခုကကျန့်ကျန့်လေးကအသက်မပြည့်သေးလို့ သွားလို့မရသေးဘူး လူဆိုးတွေကလည်းအရမ်းပေါတာကျန့်ကျန့်ရဲ့ မသွားရဘူးနော်"

ထိုအခါမှကျန့်ကျန့်လေးမှာ မျက်လုံးလေးဝိုင်း၍

"ဟုတ်လား ကိုကို"

"ဟုတ်တာပေါ့ကျန့်ကျန့်ရယ် လူဆိုးတွေကကျန့်ကျန့်ကိုဖမ်းပြီးရောင်းစားလိမ့်မယ်နော် မသွားရဘူးနော်ကလေးလေး"

"ဟုတ် ဟုတ် မသွားတော့ဘူးနော် ကိုကို"

"ကိုကို့ကလေးလေးကလိမ်မာတာကွာ ကဲ အခုစာမေးပွဲပြီးပြီဆိုတော့ ဘယ်သွားချင်လဲ ဘာစားချင်လဲ"

"ဟော့ပေါ့စားချင်တယ်ကိုကို"

"ဒါပဲ့လား ကလေးလေး"

"ဟုတ် ပြီးရင်အရုပ်ဆိုင်ကိုမောင်းပို့ပေးကိုကို"

"ဟုတ်ပါပြီဗျာ"

နောက်တစ်နေ့မနက်ခင်းရောက်လေသော် ရှောင်းအိမ်တော်တွင် ဝမ်အိမ်တော်ကဝမ်မိသားစုရောက်လာကာ သမက်တောင်းရမ်းခြင်းကိုပြုလုပ်ကြတော့သည်။ဤသည်ကိုအမှောင်ရှောင်းကျန့်တို့ကတော့ဘာမှမသိပေ။မသိဆိုရိပေါ်ကကျန့်ကျန့်လေးကိုဘာမှမပြောခိုင်းပဲ့ ကျန့်ကျန့်အံ့ဩအောင်လုပ်ချင်သည်ဟုဆိုလေသည်။အခုတော့ရှောင်းကျန့်တို့ကတော့အိပ်ကောင်းဆဲပင်။

ကိုကို့ရဲ့အချစ်တော် (Complete)Where stories live. Discover now