ဒီနေ့လေးဟာတော့ ရှောင်းကျန့်လေးအထက်တန်းနောက်ဆုံးနေ့လေးပင်ဖြစ်သည်။ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်လေးအထက်တန်းစာမေးပွဲမဖြေရသေးခင်တစ်လအလိုကပင် သူ့အိမ်တွင်နေစေကာ ရှောင်းကျန့်လေးကိုစာတွေပြပေး စာတွေကူကျက်ပေးကာအမှတ်များများနဲ့အောင်စေဖို့အတွက် သူကိုယ်တိုင်တောင်အလုပ်သို့မသွားပဲဝမ်ပါးကိုပဲ့လွှတ်နေရသည်။ဝမ်ပါးကိုအားနာပေမဲ့ကလေးလေးရဲ့အနာဂတ်လမ်းကြောင်းလေးကအရေးကြီးသည်မို့လို့ အားနာနာနဲ့ပဲ လုပ်နေရသည်။ဝမ်ပါးကနားလည်ပေးလို့တော်သေးတာပေါ့။ကလေးလေးဉာဏ်ကောင်းပြီးစာတော်တာသိပေမဲ့ အထက်တန်းနောက်ဆုံးနှစ်ဆိုတော့ ပေါ့ဆလို့မဖြစ်သည်မို့တင်းကြပ်ရခြင်းဖြစ်သည်။ထို့အပြင်ကလေးလေးရဲ့ဖုန်းကိုသူကပဲ့သိမ်းထားရသည်။အပြင်သွားဖို့ကိုလည်းသူပဲ့ပိတ်ပင်ထားသည်။ကလေးလေးစိတ်ကျဉ်းကြပ်မှာသိပေမဲ့ မလုပ်လို့မဖြစ်လို့ပါကလေးရယ်။ပြီးတော့ကလေးလေးရဲ့ကျန်းမာရေးစားသောက်ရေးကအစအကုန်လုံးရိပေါ်ကပင်သတ်မှတ်ပေးထားခဲ့သည်။ရှောင်ပါးနဲ့ရှောင်မားမှာတော့ရိပေါ်ကိုကျေးဇူးတင်လို့မဆုံးပေ။သူတို့သမက်လေးကသူတို့အပေါ်အလွန်သိတတ်ကာ သူတို့သားလေးကိုအတော်ချစ်ပေးတာမြင်ရတော့ စိတ်ထဲကြည်နူးလို့မဆုံး။သူတို့သားလေးကိုစိတ်ချရပြီမို့လို့ သူတို့သေမယ်ဆိုရင်တောင်နောက်ဆံတင်းစရာမလိုပဲ့စိတ်ဖြောင့်ဖြောင့်နဲ့သွားနိုင်ပြီဟု တွေးထားသူများဖြစ်သည်။တစ်ဖက်ကဝမ်ပါးနဲ့ဝမ်မားလည်းထိုနည်းတူပင်။
ဒီနေ့ရှောင်းကျန့်လေးပျော်လည်းပျော်သလို ဝမ်းလည်းနည်းသည်။ပျော်တာကတော့ဒီနေ့စာမေးပွဲနောက်ဆုံးနေ့မို့လို့ပင်။ဝမ်းနည်းတာကတော့ ကိုကိုအခုလိုဂရုစိုက်တာကိုမခံရတော့မှာစိုးလို့ပင်။အရင်ကဂရုမစိုက်ဘူးလားဆိုတော့စိုက်တယ်။ဒါပေမဲ့အခုဟာက သူ့အိမ်သို့ခေါ်ကာကိုယ်ဖိရင်ဖိတောင်စောင့်ရှောက်ပေးဂရုစိုက်ပေးသည်။သူ့ကိုအစားအသောက်၊အိပ်ချိန်၊စာကျက်ချိန်ကအစအရမ်းတိကျအောင်သတ်မှတ်ပေးထားသည်။ပြီးတော့ ကျန့်ကျန့် ကျန်းမာရေးထိခိုက်မည်ဟုဆိုကာ ဆရာဝန်နဲ့တိုင်ပင်ကာကျန့်ကျန့်နဲ့သင့်တော်မဲ့အားဆေးတွေကိုသေချာဝယ်ပေးကာ နေ့တိုင်းသူကိုယ်တိုင် သေချာတိုက်ပေးခဲ့သည်။နောက်ပြီးကျန့်ကျန့်ရဲ့ကျောင်းကိုလည်းရိပေါ်ကသူကိုယ်တိုင်ခွင့်ယူပေးခဲ့သည်။အဘယ်ကြောင့်ဆိုသော် ကျောင်းမှာဆိုရင်သူငယ်ချင်းတွေနဲ့ဆို စာသေချာမလုပ်ပဲလေလွင့်နေမှာစိုး၍တစ်လတိတိကျောင်းမလာပဲစာမေးပွဲဖြေမှလာမည်ဟုကျောင်းအုပ်ကြီးဆီမှာကိုယ်တိုင်ခွင့်ယူခဲ့ခြင်းဖြစ်သည်။သူကိုယ်တိုင်ပဲ့ေသချာသင်ပြပေးမည်ဟုပြောဖြစ်အောင်ပြောခဲ့ခြင်းပင်။ကျန့်ကျန့်တက်နေတဲ့ကျောင်းကလည်း ကိုကိုရှယ်ယာအများဆုံးဝင်ထားတဲ့ကျောင်းဆိုတော့ကိစ္စမရှိပေ။ထိုကျောင်းရှယ်ယာကလည်းကျန့်ကျန့်ကြောင့်ပဲ့ဝင်ခဲ့ခြင်းဖြစ်သည်။ဥက္ကဌဝမ်ရဲ့အသည်းအသက်လေးဆိုလူမထိရဲအောင်ရှယ်ယာအများဆုံးဝင်ကာ လစဉ်ရန်ပုံငွေအများဆုံးလှူဒါန်းပေးခဲ့သည်။ကိုကိုက ကျန့်ကျန့်ကိုဆိုအဲ့သလောက်အထိချစ်တာဖြစ်သည်။ခင်ဗျားတို့မှာရောအဲ့လိုချစ်သူမျိုးရှိလား။ရှိမှာလည်းမဟုတ်ပါဘူး။
YOU ARE READING
ကိုကို့ရဲ့အချစ်တော် (Complete)
Romansaငယ်ငယ်ကတည်းကကြိတ်ကြွေလာတဲ့လူသားဟာလည်းကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ်