"ရော့..ဆရာလေးဒါလေးကကြက်ကာလသားဟင်း....မြို့မယ်တော့သိပ်မချက်ကြဘူးထင်ပ..."
လင်းအာကာယံ ဒေါ်လေးထည့်ပေးသည့်ဟင်းကိုစားလိုက်တော့ အစပ်အရသာအနည်းငယ်ရပေမယ့် အရမ်းကြီးအဆင်မပြေတာတော့မဟုတ်ပေ။ ရွာတွေဘက်ကအစပ်ကိုသိပ်စားကြသည်မဟုတ်လား။ ရေချမ်းဆိုသည့်ကောင်လေးကတော့ခုနတစ်ချက်တွေ့ပြီး ခုထမင်းစားချိန်တော့မတွေ့ရပေ။ ဒေါ်လေးနဲ့သူသာအိမ်မှာရှိသည်။
"မင့်ဦးလေးက ခနနေလောက် မှပြန်ရောက် မှာ ပြန်လာမှဘဲမိတ်ဆက်ပေးတော့မယ်..."
"ဟုတ်ကဲ့..."
လင်းအာကာယံ ထမင်းစားသောက်ပြီးတာနှင့်အိမ်ရှေ့ထွက်ကာ ခြံထဲလှည့်ပတ်ကြည့်မိသည်။ ခြံထဲတွင် မန်ကျည်းပင် သရက်ပင်နှငိ့ ထောပတ်ပင်တို့ကိုစိုက်ထားကာ အခြားစားပင်များပါစိုက်ထားသည်ကိုတွေ့ရသည်။ အရမ်းကြီးရှုပ်ရှက်ခတ်နေအောင်စိုက်ထားတာမျိုးမဟုတ်ဘဲ မျက်စိအေးနေလေ၏။ ခနအကြာ အိမ်ရှေ့တွင်ရိပ်ခနဲမြင်လိုကိရသည့်အရိပ်တစ်ခု။ ထိုအရိပ်သည် ရေချမ်းပင်။ ကြက်တစ်ကောင်ကိုလက်ကနေကိုင်လာကာ ပါးစပ်ကလဲပွစိပွစိနှင့်ဘာဖြစ်လာလဲမသိပေ။
"တောက်...အလုပ်ကိုမဟုတ်တာ...သူများက ခနလေးသွားတာကို...."
ရေချမ်းရဲ့အသံကိုပီပီသသကြားလိုက်ရပြီးနောက် အသံတစ်သံကထပ်ထွကိလာပြန်သည်။
"ဟေ့ကောင်...ပွစိပွစိလုပ်မနေနဲ့ သွားမင့်အမေကိုခေါ်ခဲ့ငါ့နှယ့်တကတည်း...."
ရေချမ်းက ခြေထောက်ဆောင့်ကာ အိမ်ထဲဝင်ကာဒေါ်လေးကိုအော်ခေါ်နေပြန်သည်။ လင်အာကာယံရပ်နေသည်ကိုမမြင်ဘဲ သူ့ဟာသူစိတ်ဆိူးကာ ခြေဆောင့်သည့်မြင်ကွင်းကိုမြင်တော့ သူပြုံးမိပြန်သည်။ ထိုခန္ဓာကိုယ်ကြီးနှငိ့ ကလေးဆန်လိုက်လေခြင်း။ ခြံထဲဝင်လာသည့်ဦးလေးက သူ့ကိုမြင်တော့ ပြုံးပြကာ စကားစလာသည်။
"ဆရာလေးလာဗျာ....ကျုပ်ကခုမှခြံထဲကပြန်ရောက်လို့ဗျ...."
လင်းအာကာယံ လဲဦးလေးခေါ်တဲ့နားသွားလိုက်ကာ ဖျာပေါ်တွင်ထိုင်လိုက်သည်။
"ရွာထဲမှာသတင်းကြားခဲ့တာ နှင်းအေးရေ...ဆရာလေးက လှတယ်ဆိုပြီး တကယ်လဲဟုတ်သကိုးကွ...."
YOU ARE READING
ရေချမ်းရဲ့ယောကျာ်းက အလှလေးဗျ ရေချမ်းရဲ့ယောကျာ်းကအလှလေးဗျ(Completed)
Romanceကျောင်းဆရာလေးနှင့် ရွာသားလေးတစ်ယောက်ကြောင်း