(Warning)ရေချမ်း သူကြီးရဲ့စကားဆုံးတော့ ဆရာလေးရဲ့လက်ကိုဆွဲကာ ပိုးအရက်ရှိတဲ့ အိုးတွေဆီသွားကာ ကော်ခွက်ဖြင့်နှစ်ခွက်ထည့်လိုက်သည်။ ပြီးနောက် ဆရာလေးကို တစ်ခွက်ပေးလိူက်ပြီး သူလဲ တစ်ခွက်ယူလိုက်သည်။
"ဟို...မူးတယ်ဆိုရင် ကိုယ်မသောက်တော့ဘူး....ကိုယ် ကသွေးဆိုးတတ်လို့..."
"ဟင်...သွေးဆိုးတယ်ဆိုတာ ရန်ဖြစ်ပြီးသောင်းကျန်းတတ်တာကိုပြောတာလား...."
ရေချမ်းက ပိုးအရက်ခွက်ကို နည်းနည်းမော့သောက်ကာမေးတော့ လင်းအာကာယံ ခေါင်းရမ်းပြလိုက်သည်။
"ေသာက်ပြီးရင် ကိုယ်က လူမှန်းသူမှန်းမသိတော့ဘူး...သောင်းကျန်းတတ်တာတော့မဟုတ်ပေမယ့် နဲနဲတော့အဆင်မပြေဘူး....."
ဟုတ်သည်။ ရန်ကုန်မှာ သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်ရင်တောင် သူက ကိုလာ ဒါမှမဟုတ် အပျော့စား ဝိုင်လေးတွေကိုသာမှာသောက်တတ်သည်။
"ဒါက အရမ်းမမူးပါဘူးဗျ... ..နဲနဲဘဲသောက်ကြည့်.... "
ရေချမ်းက မျက်ခုံးလေးပင့်ကာ ပြောနေသည်ကြောင့် လင်းအာကာယံလဲ ခွက်ထဲရှိ ပိုးအရက်ကို နဲနဲလေးအရသာခံကြည့်လိုက်သည့်အချိန်တွင် သူလုံးဝကြိုက်သွားသည်။ ပိုးစာသီးနှင့်ပြုလုပ်ထားတာကြောင့် အနံ့လေးတော့ သိပ်အဆင်မပြေပေမယ့် အရသာကတော့ ချဥ်ချဥ် ချိုချိုလေးနှင့်ကောင်းသည်။ ထို့ကြောင့် လင်းအာကာယံ တစ်ခွက်လုံးမော့သောက်လိုက်သည်။
ရေချမ်း ပိုးအရက်ကိုဇိမ်ခံသောက်နေရင်း တစ်ခွက်လုံးမော့ချလိုက်သည့်ဆရာလေးကြောင့် မျက်လုံးပြူးသွားရကာ ပါးစပ်ထဲမှ ပိုးအရက်များပင် အကုန်ပြန်ထွက်လုမတက်ပင်။မော့သောက်ပြီးပြီးချင်း ဆရာလေးက ရှေ့တည့်တည့်ကိုကြည့်ကာ ရီဝေဝေနှင့် ဘာမှပြောမလာတာကြောင့် ရေချမ်း ဆရာလေးကိုသာ အကဲခတ်နေမိသည်။ ပြီးနောက် ဆရာလေးက နားရွက်ဖျားလေးတွေရဲလာကာ ဝင်းနေသည့်ပါးနှစ်ဖက်မှာလဲ အနီရောင်သန်းလာကာ သူကြည့်နေတုန်း ထကာ ပိုးအရက်ထည့်ထားသည့် အိုးဆီကို ဒယိမ်းဒယိုင်လျှောက်သွားတာကြောင့် ရေချမ်း ဆရာလေးနောက်လိုက်ရသည်။ ရေချမ်း သူ့ခွက်ကို သူထိုင်နေသည့်နေရာတွင်ထားကာ ဆရာလေးဆီ လိုက်ရပြန်သည်။
YOU ARE READING
ရေချမ်းရဲ့ယောကျာ်းက အလှလေးဗျ ရေချမ်းရဲ့ယောကျာ်းကအလှလေးဗျ(Completed)
Romantikကျောင်းဆရာလေးနှင့် ရွာသားလေးတစ်ယောက်ကြောင်း