"အရီးရေ....အရီး.."
ခြံရှေ့မှ လှမ်းအော်ခေါ်သံကြောင့် ဒေါ်နှင်းအေး တည်လက်စဟင်းအိုးကိုခနထားကာ ထွက်ကြည့်လိုက်တော့ ရွာ က ကာလသားခေါင်းဆောင်ဖြစ်ကြသော ဖိုးထောင်ပင်။
"အော်အေ...ဘယ်သူတွေများလဲလို့...ကဲ ဘာတုန်း..."
"ဒီနေ့ရွာမယ် ရိုးရာပွဲရှိတယ်မဟုတ်လား... အဲ့တာ ဝက်သားချက်ကြတယ်အရီးရဲ့ ဝက်သားမစားတဲ့လူကျ ကြက်သားလေးကျွေးဖို့ ခုနေ့လယ်မှသတိရလို့လေ....အဲ့တာ မြို့လဲ တကူးတကသွားဝယ်နေရမှာ စိုးလို့ အရီးဆီ ကြက်လေးတစ်ကောင်လောက်အလှူလာခံတာဗျို့..."
ဖိုးထောင် အပြောကို ဒေါ်နှင်းအေး ခေါင်းငြိမ့်ကာ.....
"နောက်ဖေးမယ် ကြက်တွေအစာကျွေးထားတယ် ကျုပ်တော့ မလိုက်တော့ဘူးတော်... တော်တို့ဟာတော်တို့ အဆင်ပြေမယ့်အကောင်ယူသွားကြ....အဲ...ခြေထောက်မှာ ကြိုးအဝါလေးချည်ထားတဲ့ ကြက်ကိုတော့ယောင်လို့တောင်သွားမထိနဲ့ဟေ့...အဲ့တာ အိမ်က ဆရာကြီးရဲ့ကြက်..."
အရီးရဲ့စကားကိုဖိုးထောင် နားထောင်ပြီး အိမ်နောက်ဖေးကိုသွားကြည့်လိုက်တော့ ကြက်တွေက ၃ကောင်လေါက်သာအစာစားနေသည်ကိုတွေ့ရသည်။ ဖိုးထောင်လဲ ကြာနေရင်အဆင်မပြေမည်ဆိုးတာကြောင့် ထိုထဲရှိ အမွှေးကိုမှနီညိုရောင်သန်းနေသောတစ်ကောင်ကိုချီခေါ်ကာ သူကြီးအိမ်သို့သွားရသည်။ ရွာတွင် ရိုးရာပွဲရှိတာကြောင့် သူကြီးအိမ်တွင်သာစုပြီး ချက်ပြုတ်ကြရသည်။
ညနေစောင်းတော့ ရေချမ်းတစ်ယောက် အိမ်သို့ ကော့တော့ကော့တော့နှင့်ပြန်ရောက်လာသည်။ ရေချမ်း အိမ်ထဲဝင်ဝင်ချင်း ဆရာလေးက ရေမိုးချိုးရန် ဆပ်ပြာခြင်းကိုင်ပြီး အောက်သို့ဆင်းလာသည်ကိုတွေ့ရသည်ကြောင့် ရေချမ်းက ဟိုဘက်သွားရမလို ဒီဘက်သွားရမလိုဖြစ်နေရသည်။ အဘယ်ကြောင့်ဆိုသော် ဆရာလေးက အဝတ်ဗလာနှင့်အောက်ကပုဆိုးတစ်ထည်ကိုဝတ်ထားကာ ပုခုံးပေါ်တွင် သဘတ်ကိုတင်ထားသေးသည်ကြောင့်ပင်။
"ရေချမ်း...ဘယ်ကပြန်လာတာလဲ ကိုယ်ပြန်လာတော့ မင်းကိုမတွေ့ဘူးရော..."
YOU ARE READING
ရေချမ်းရဲ့ယောကျာ်းက အလှလေးဗျ ရေချမ်းရဲ့ယောကျာ်းကအလှလေးဗျ(Completed)
عاطفيةကျောင်းဆရာလေးနှင့် ရွာသားလေးတစ်ယောက်ကြောင်း