"ယောကျာ်းရေ....မပြီးသေးဘူးလား..."
သူ့ခန္ဓာကိုယ်နှင့်မလိုက် ယောကျာ်းလို့ တကျော်ကျော်အော်ခေါ်နေသောရေချမ်းကိုကြည့်ကာ လင်းယံပြုံးလိုက်မိသည်။ တကယ်လဲ သူခေါ်မည်ဆိုတဲ့အတိုင်းခေါ်တာပင်။ လင်းယံကလဲရှက်ရမည့်အစား ပြုံးဘဲ ပြုံးနေမိသည်။ မနက်စောစော ထမင်းဟင်းထချက်ကာ ခုမှ အဝတ်စားလဲနေသည့် လင်းယံကို ရေချမ်းက သူဘဲ အကုန်လုပ်ထားရသလို ခေါ်နေပြန်သည်။
"ရေချမ်းရေ...လာအုံး...."
သူခေါ်တေါ့ ရေချမ်းက အခန်းထဲကို ဝုန်းဒိုင်းဝင်လာသည်။ ပြီးနောက် သူ့ကိုမျက်မှောင်ကြုံ့ကာကြည့်နေပြန်သည်။ လင်းယံလဲ ပြောမည့်စကားကိုမေ့ကာ သူ့ကိုမျက်လုံးဝိုင်းနှင့်ကြည့်နေမိသည်။ ကြည့်မှာပေါ့ ဘာလို့လဲဆိုတော့ ရေချမ်းးကအပေါ်ပိုင်းဗလာနှင့်ပုဆိုးကိုလဲတိုတိုဝတ်ထားသောကြောင့်ဖြစ်သည်။
"ဘာ..ဘာလို့အကျီချွတ်ကြီးလဲ..."
ထိုအခါမှရေချမ်းက သူ့ကိုယ်သူငုံ့ကြည့်ကာ ခေါင်းတစ်ချက်ကုပ်လိုက်ပြီး.....
"အာ...ရေတင်နေတာလေ....အကိုကရေချိုးပြီးတာလား....ကျုပ် အဘဆီသွားပြီး လယ်ထဲလုပ်မယ့်အလုပ်ကိုသွားပြောတာ....အဘက ကိုယ်တွေလက်တွေကိုက်နေတယ်ဆိုလို့....ကျုပ် ဒီနေ့ခရမ်းပင်ထဲ ပေါင်းရှပ်ရမှာ...."
သူ့ဟာသူပြောပြီး သူ့ဟာသူရှင်းပြနေသော ရေချမ်းကိုကြည့်ကာခေါင်းငြိမ့်ပြလိုက်သည်။ ပြီးနောက် သူ့သေတ္တာထဲမှ ခေါက်ပိုက်စံအိတ်အနီလေးကိုရေချမ်းဆီပေးလိုက်တော့ ရေချမ်းက ကြောင်တောင်တောင်လေးကြည့်လာသည်။
"မင်းမှာ သုံးစရာမရှိသေးဘူးမဟုတ်လား... ဒီထဲမှာ ၅သောင်းလောက်တော့ရှိမယ်.... သုံးချင်တာသုံးလို့ရတယ်...."
"အာ...ရတယ်...အကိုသိမ်းထားပါဆိုဗျာ.....ကျုပ်ကအဘလယ်တွေလုပ်တော့မှာ...ဝင်ငွေကစိတ်မပူနဲ့...လုပ်တတ်သွားရင် အဘဆီမြေတစ်ကွက်လောက်တောင်းမယ်.... ဟုတ်ပီလား...."
"အင်းပါ....."
"ကျုပ်ကြီးကိုအားကိုးလိုက်စမ်းပါ...ဒီမှာ ဟောဒီက ရေချမ်းရဲ့ယောကျာ်းက အေးဆေးသာနေဗျာ...."
YOU ARE READING
ရေချမ်းရဲ့ယောကျာ်းက အလှလေးဗျ ရေချမ်းရဲ့ယောကျာ်းကအလှလေးဗျ(Completed)
Romanceကျောင်းဆရာလေးနှင့် ရွာသားလေးတစ်ယောက်ကြောင်း