intro

423 60 4
                                    

"တနင်္လာနေ့ရောက်လာပြန်ပြီ အား.. စိတ်ပျက်စရာကောင်းလိုက်တာ"

"ကျွန်တော့်ခွေးလေးတွေ့မိကြသေးလား တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူပြီးတော့ သူ့ခြေထောက်လေးတွေက အနက်ရောင်ပါ ကူရှာပေးကြပါဦးဗျာ"

ပီ....ပီ .....

"ဟဲ့ လုပ်ကြပါဦး ကလေးတစ်ယောက် လမ်းမပေါ်ပြေးထွက်သွားပြီ မီးနီနေတာကို"

ကျွီ... ဒုန်း !!!

"အား.... ဟယ်နာ!!!"

"ဘယ်လိုဖြစ်သွားပြီလဲ"

"ဆေးရုံကားမြန်မြန်ခေါ်!!!"

သာယာသည့်မနက်ခင်းလေးမှာ မတော်တဆမှုတစ်ခုကြောင့် ပျက်စီးသွားရ၏။

ကလေး၏မိခင်ဖြစ်သူမှာလည်း နင့်သည်းစွာငိုကြွေးလျက်။

"အဲတာကြောင့်ပြောတာ လမ်းကူးရင် ကလေးလက်ကို တင်းတင်းဆုပ်ကိုင်ထားရမှာပေါ့ ဘာလို့ဖုန်းကိုပဲ ကြည့်နေရတာလဲလို့"

"ဒါပေမယ့်လည်း သူ့ကံကြမ္မာကိုက အဲလိုသတ်မှတ်ပြီးသားပဲလေ စီနီယာရဲ့"

"ထားလိုက်တော့ ငါအလုပ်သွားလုပ်လိုက်ဦးမယ်"

>>>>>

"အတန်းဖော် ငါ့ကိုဒီပုစ္ဆာလေး ရှင်းပြလို့ရမလား"

"ဆောရီး ငါလည်းနားမလည် ..."

ရုတ်တရက် စကားပြောနေသည်အားရပ်လိုက်မိရင်း မျက်လုံးတို့ကို စုံမှိတ်ထားမိသည်။

"ရား... ဘာလို့ဆက်မပြောတော့တာလဲ နင်ငါ့ကို မြင်ရတယ်မလား ဟီးဟီးဟီး..."

သူအမှားလုပ်မိပြန်ပြီ ။စကားများများမပြောချင်တာကြောင့် အမြန်တုန့်ပြန်လိုက်မိတာက မှားသွားခဲ့ခြင်းသာ။

"အတန်းဖော် အတန်းဖော်... အတန်းဖော် ဟီး ဟီး..."

မကြားရဘူး ငါဘာမှမမြင်ရဘူး မကြားရဘူး မကြားရဘူး...

မျက်လုံးကို စုံမှိတ်ထားမိရင်း စိတ်ထဲမှ ထိုစကားလုံးတို့ကို ဆက်တိုက်ရေရွတ်မိချိန် ဂုတ်ပိုးထက်သို့ ကျရောက်လာသည့် စိုစွတ်စွတ်ခံစားချက်။

လက်ဖြင့်အသာစမ်းမိသည့်အခါ စေးကပ်ကပ်အထိတွေ့ကို ပေးစွမ်းလာသည်။

"ဟီး...ဟားဟား!!!"

သူငယ်အိမ်တစ်ခုလုံးဖြူစွတ်နေကာ လည်ပင်းကြိုးကွင်းစွပ်လျက် လျှာတစ်ဝက်ထွက်နေပြီး ကျောင်းယူနီဖောင်းစကပ်တွင် သွေးတို့စိုရွှဲနေသည့် ထိုအရာက မျက်နှာကျက်၌ တွဲလောင်းကျနေရာမှ ရုတ်တရက် မော့ကြည့်မိသည့် သူ့မျက်နှာအနား ပြုတ်ကျလာခဲ့သည်။

"အား....!!!"

"ရား ဘာလို့ထအော်ရတာလဲ လန့်သွားတာပဲ"

"တကယ်ပါပဲ ရူးနေတာလား"

"တကယ်ရူးနေတာလေ ထူးထူးဆန်းဆန်းတွေပဲ လုပ်နေတယ်"

"အဲတာပြောတာ ရုပ်လေးချောရက်နဲ့ ထူးဆန်းတဲ့အကျင့်ရှိပါတယ်ဆို ဒါကြောင့်လည်း အပယ်ခံဖြစ်နေတာ"

ဝေဖန်ချက်တို့အား ဂရုမစိုက်အားပဲ အလန့်တကြား ထွက်ပြေးလာမိသည်။ ထိုအရာက သူ့အားနောက်မှ ထပ်ကြပ်မကွာ လိုက်နေဆဲ။

"ကျောင်းသား ဘာဖြစ်လို့လဲ"

ထောင့်ချိုး၌ဝင်တိုက်မိသည့် သူစိမ်းလူက သပ်သပ်ရပ်ရပ်ဝတ်စားထား၏။

"လမ်းဖယ်ပေးပါ ကျွန်တော်..."

ပြောလက်စ စကားတို့အား ရပ်တန့်မိရင်း သူသတိထားမိသည်မှာ ထိုကြောက်စရာအရာမှာ မရှိတော့သည်ကိုပင်။

စိတ်အေးသွားရပြီး စိတ်ဒုံးဒုံးချမိချိန် တစ်ကိုယ်လုံးပျော့ခွေပြီး အသိလွတ်သွားရတော့သည်။

>>>>>

14 .11.23

Siteက မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးအဖွဲ့ကြောင့် blတွေဖြုတ်ချရမလိုဖြစ်နေလို့ wpကိုရောက်လာပြန်ပါပြီ UwU

The soundtrack of death [[Taekook]]Where stories live. Discover now