[[Edit_ထပ်ဖြည့်ပြီး]]
>>>>>
တောက် တောက် တောက်...
ကြမ်းပြင်ထက် ခဲလုံးလိမ့်သံပမာ တတောက်တောက်အသံက တိတ်ဆိတ်နေသည့် ကော်ရစ်ဒါတွင် ထွက်ပေါ်လာ၏။
ထယ်ယောင်း ခြေလှမ်းတွေရပ်ပစ်ရင်း နောက်သို့လှည့်ကြည့်လိုက်သည့်တိုင် ဘာကိုမှမတွေ့ရပါချေ။
ခြေလှမ်း၂၀လှမ်းခန့်အကွာ၌ ပင်မဝင်ပေါက်ကို မြင်နေရပြီဖြစ်သည်။ ထူးခြားစွာ ကျောချမ်းလာစေသော ခံစားချက်ကို မျိုသိပ်ကာ မျက်လုံးစုံမှိတ်လျက် ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းလိုက်သည်။
တရှပ်ရှပ်ခြေသံတစ်ခုက မျက်နှာကျက်ထက်မှကြားရပြီး သူမော့မကြည့်ရဲချေ။
ရုတ်တရက် သူ့လက်ကို ဆတ်ခနဲအဆွဲခံလိုက်ရသဖြင့် ကြောက်လန့်တကြားအော်မည်ပြုစဥ် အေးစက်စက်လက်တစ်ချောင်းက သူ့နှုတ်ခမ်းထက် ရောက်လာသည်။"သူငယ်ချင်း ငါပါ"
မျက်လုံးဖွင့်အကြည့် ဟိုက်ပါကျောင်းသားကို တွေ့လိုက်ရသည်။
"ဝင်ပေါက်မှာရှိနေတယ် မင်းဒီမှာ ခဏနေနေ"
"ခဏလေး မင်းဘာလုပ်မလို့လဲ"
"မင်းပဲ သရဲကြောက်တတ်တာမဟုတ်ဘူး ကြည့်လိုက်"
မေးငေါ့ပြရာဘက်ကြည့်လိုက်ရာ ကော်ရစ်ဒါတစ်ခုလုံး ပြောင်ရှင်းနေ၏။
"အဲ့မိန်းမက ကြောက်ဖို့ကောင်းတယ် ငါတို့တောင်ညဆိုသူမမြင်အောင် ရှောင်နေရတာ သူဒီဘက်ကိုကြည့်နေပြီ"
ထယ်ယောင်း လက်ဖျားများအေးစက်လာသည်။ဒီနေ့က တကယ်ပဲ သူ့ဘဝအဆုံးသတ်များလား။
"ငါအရင်ထွက်သွားမှာမို့ အခွင့်အရေးရတာနဲ့ ပြေးတော့ ကျောင်းစောင့်အခန်းဆီကိုပြေးပါ"
"ခဏလေး..."
ထယ်ယောင်း တားချင်သော်ငြား မည်သည့်စကားမှမဆိုနိုင် ဖြစ်နေသည်။
"စိတ်မပူပါနဲ့ ဒီဟာကိုခုတုံးလုပ်ပြီး ငါအခွင့်အရေးမယူပါဘူး"
ဟိုက်ပါကျောင်းသားက သူ့ကို ခပ်ဖျော့ဖျော့ပြုံးပြပြီး အကွယ်မှ ထွက်ကာ သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးသွား၏။
DU LIEST GERADE
The soundtrack of death [[Taekook]]
Fanfictionတည်ရှိနေကြပေမယ့် ဘယ်သူကမှ သူတို့ရဲ့တည်ရှိမှုကို မသိနိုင်ကြဘူး ကံဆိုးစွာနဲ့ ငါက သူတို့ရဲ့ဖြစ်တည်မှုကို ခံစားသိရှိနိုင်နေခဲ့တယ်