အနုပညာခန်းထဲက ကျောင်းသူ ၂

100 31 22
                                    

ဒုတ်...

ထယ်ယောင်းထောင့်ချိုး၌ လူတစ်ယောက်အားဝင်တိုက်မိသည်။

"တောင်း တောင်းပန်ပါတယ်"

"ဒီတစ်ခါတော့ တောင်းပန်ပြီပေါ့"

တစ်ခါဖြင့်ပင် နားထဲအလွတ်ရနေခဲ့သော အသံကြောင့်ထယ်ယောင်း အံ့အားသင့်စွာ မော့ကြည့်မိ၏။

"ဆရာမင်?"

"ဟုတ်ပါတယ် ကျွန်တော်ဆရာမင်ပါ ဒါနဲ့ထယ်ယောင်းက ကိုယ့်ကိုဝင်တိုက်ရတာ သဘောကျပုံပဲနော် ၂ခါတောင်ရှိပြီဆိုတော့"

"အဲလိုမဟုတ်ပါဘူး တောင်းပန်ပါတယ်"

"ဆရာက နောက်လိုက်တာပါ ခေါင်းမော့လျှောက်မှပေါ့ထယ်ယောင်း မဟုတ်ရင် အခုလို ခဏခဏ လူတွေနဲ့ဝင်တိုက်မိလိမ့်မယ်"

ထယ်ယောင်းဘာမှ ပြန်မဖြေပဲ နှုတ်ခမ်းတင်းတင်းစေ့ထားမိ၏။
ဆရာ့နောက်တွင်ရပ်နေသော စာအုပ်ကိုင်ထားသည့်ကျောင်းသားက သူတို့ဘက်သို့ကြည့်နေလေသည်။
မသိပါက စာမေးပွဲအတွက် စာကြိုးစားပန်းစားကျက်နေသည့် ဟိုက်ပါနှင့်တူသော်ငြား ထယ်ယောင်းကမူ ယင်းက အသက်ရှူနေသည့်လူသားမဟုတ်ကြောင်း သိနေပါ၏။

"သွားလိုက်ပါဦးမယ်"

"ခဏ လက်မှာသွေးထွက်နေတာပဲ လဲကျထားတာလား ဆရာနဲ့လိုက်ခဲ့"

"မလို..."

ထယ်ယောင်းမှာ ငြင်းဆိုခွင့်ပင်မရလိုက်ပဲ ဆရာမင်ခေါ်ရာသို့ တရွတ်ဆွဲပါသွားရသည်။

ဆရာမင်၏အမည်မှာ မင်ဟန်ချောဖြစ်ပြီး ကျောင်းဆေးခန်းသို့ရောက်လာသည့် ဆရာဝန်အသစ်ဖြစ်၏။

ဆရာက ကျောင်းရောက်တာ တစ်ပတ်ပင်မပြည့်သေးသည့်တိုင် မိန်းကလေးများကြား၌ နာမည်ကြီး

သူ့ရှေ့ခုံမှ ကောင်မလေး၂ယောက်ကြောင့် သူလည်းဆရာ့အကြောင်းသိနေပေပြီ။
ဆရာကကိုရီးယားဥရောပကပြားဖြစ်ကာ အခြားအမည်မှာ အက်ဒ်ဒီမင်ဖြစ်သည်။
ယခုမှ အသက် ၃၂နှစ်သာရှိသေးသည့်တိုင် ပါမောက္ခတစ်ယောက်ဖြစ်နေပြီဖြစ်၏။
ဆရာက နာမည်ကြီးဆေးကုမ္ပဏီ Dexter၏ ဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
Dexter Chairman David Fortက ဆရာမင်၏အဖိုးဖြစ်သည်ဟူ၏။

The soundtrack of death [[Taekook]]Donde viven las historias. Descúbrelo ahora