အနုပညာခန်းထဲက ကျောင်းသူ ၄

76 18 0
                                    

"ABCသတင်းဌာနဖြစ်ပါတယ် မနေ့ညက ဟန်မြစ်ထဲကနေ အလောင်းတစ်လောင်း ဆယ်ယူရရှိခဲ့ပြီး ကိုယ်ရေးအချက်လက်များကိုတော့ အတည်ပြုဆဲလို့ သိရပါတယ် အလောင်းကိုပထမဆုံးတွေ့ခဲ့သူက  အနီးအနားကွန်ဒိုမှာ နေထိုင်သူ အထက်တန်း ကျောင်းသားတစ်ဦးဖြစ်ပြီး မနက်ခင်းအပြေးလေ့ကျင့်ရင်း အဆိုပါအလောင်းကို ကမ်းစပ်နားတစ်ဝိုက်မှာ မျောပါလျက်တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ် သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ အခုထိမသိရသေးပါဘူး ယခုတင်ဆက်ပေးခဲ့သူကတော့ သတင်းထောက် ပတ်မီယောင်းပါ"

ရဲများလုပ်ထုံးလုပ်နည်းအရ လုပ်ကိုင်နေသည်တို့အား နောက်ခံထားကာ သတင်းတင်ဆက်ခဲ့ပုံအရ ယင်းကတရားဝင်လွှင့်ခွင့်ရခဲ့ပုံရသည်။
သို့ပေသိ ယနေ့ခေတ်တွင် တစ်ခုခုဖြစ်ပွားချိန်တိုင်း ထိုအခင်းနေရာသို့ ပထမဆုံးရောက်ရှိသူမှာ ရဲများထက် သတင်းထောက်များဖြစ်နေရာ သိပ်တော့မထူးဆန်းပါချေ။ တစ်ခုမဟုတ်လျှင်တစ်ခုကတော့ ကျိန်းသေပေါက် ထုတ်လွှင့်ကြမည်သာ။

ထယ်ယောင်း ပဲခေါက်ဆွဲစားနေရင်း ထိုထုတ်လွှင့်နေသည်အား မှင်သေသေဖြင့်ကြည့်နေမိသည်။ ကင်မရာထဲ၌ သေဆုံးသူပစ္စည်းများဟုထင်ရသည့်အရာများစုပုံထားသည်ကို ဝိုးတဝါးတွေ့ရသည်။ ထိုအထဲ၌ ထယ်​ယောင်းအနီရောင် ဖိနပ်တစ်ဖက်နှင့် လမ်းလျှောက်တုတ်တစ်ချောင်းကို မသဲမကွဲ မြင်လိုက်ရပါသည်။

"သတ်သေတာများလား ခုခေတ်ကလည်း မလွယ်တော့ လူတွေက ရှင်သန်ဖို့ထက် အဆုံးသတ်ကိုပဲ အလွယ်တကူ ရွေးချယ်ကြတော့တယ်"

"ဝဋ်ကြွေးတွေကလည်း ကြီးကြတာကိုး"

"သူများကိုပဲ ဂရုဏာသက်မနေနဲ့ ငါတို့ကိုယ်တိုင်လည်း လွယ်ကူမနေပါဘူး"

သူငယ်ချင်းဖြစ်ကြဟန်တူသည့် အန်တီကြီးသုံးဦးက ထယ်ယောင်းနှင့် တစ်ခုံအကွာတွင် ထိုင်ရင်း စာနာသလိုဆိုနေကြသည်။ ဝတ်စုံများအရ သန့်ရှင်းရေးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းများဖြစ်ကြပုံပင်။

ထယ်ယောင်းကျသင့်ငွေကို စားပွဲပေါ်ချလျက် ထွက်လာခဲ့ရင်း ထိုနေ့က မောလ်ရှေ့သို့ မသိစိတ်အရ ရောက်လာခဲ့ပြန်သည်။
ထိုညက သူမည်သို့ လွတ်မြောက်လာသည်ကို မမှတ်မိတော့သော်ငြား သူ၏နောက်ဆုံးမှတ်ဥာဏ်က ထိုမောလ်ရှေ့မှာ ဖြစ်နေရကား ဤနေရာကို စိတ်စွဲ၍နေပါ၏။

The soundtrack of death [[Taekook]]Donde viven las historias. Descúbrelo ahora