အနုပညာခန်းထဲက ကျောင်းသူ ၁

187 35 6
                                    

ချောင်းဆန်းအထက်တန်းကျောင်း...
အတန်းနားချိန်ဖြစ်သဖြင့် ကျောင်းရှိ mini martအတွင်း တန်းစီနေသော ကျောင်းသားကျောင်းသူများစွာရှိနေသည်။

ကောင်တာထက်သို့ cokeဘူးကိုချလိုက်သော ပိန်သွယ်သည့်လက်တစ်ဖက်။

"ဝမ်နှစ်ထောင်ပါ..."

ကျောင်းသူက တိတ်တဆိတ်ပင် ဝမ်ငါးထောင်တန်တစ်ရွက်ကို ထုတ်ပေးသည်။

"ကျောင်းသူ ပြန်အမ်းငွေလေ ကျောင်းသူ ! ! !"

ထိုအခါမှ အသိလွတ်နေသူပမာ ထွက်သွားသော ကျောင်းသူက ပြန်လှည့်လာပြီး ပိုငွေကိုယူကာ ခပ်သုတ်သုတ် ပြန်ထွက်သွားသည်။

"သူဘာဖြစ်နေတာလဲ "

"မသိဘူးလေ... အဲလိုဖြစ်နေတာ တစ်ပတ်လောက်ရှိပြီ"

သူမ၏အမည်ကတ်ရှိ နာမည်မှာ ကင်မ်ဝန်ယောင်းဟူ၏။

"ဒါနဲ့ ဒီဟာသိပြီးပြီလား အနုပညာခန်းက ညဘက်ဆို သရဲခြောက်တယ်တဲ့"

"ကောလဟာလတွေပါ ကျောင်းတွေမှာ ဒီလိုသရဲပုံပြင်တွေရှိတတ်တာပဲ"

"တကယ်ပြောတာပါဆို သောကြာနေ့ညက စီနီယာအထက်တန်းကကျောင်းသူတစ်ယောက် သူ့စာတမ်း ပန်းချီခန်းမှာကျန်ခဲ့လို့ပြန်သွားယူတော့ အဲ့သရဲနဲ့တွေ့ခဲ့တယ်တဲ့"

"ဟုတ်ပါပြီ တွေ့တယ်ဆိုလည်း တွေ့တယ်ပေါ့ ငါကရုပ်ဝါဒီသမားလေ သရဲတွေဝိဥာဥ်တွေမယုံဘူး"

"ဝမ်၇၀၀၀ကျပါတယ်"

ကျောင်းသူနှစ်ဦး၏စကားဝိုင်းအား cashierမလေး၏အသံက ကြားဖြတ်ကာ အဆုံးသတ်စေလိုက်သည်။

"ဒီမှာပါ ကျေးဇူးတင်ပါတယ် "

နှစ်ယောက်သားငွေရှင်းပြီးထွက်လာသည့်အခါ စောစောက အကြောင်းအရာကို ထပ်မပြောဖြစ်တော့ချေ။

"ဟာနာ ငါသန့်စင်သွားချင်လာလို့ အဖော်လိုက်လာပေးပါဦး"

"ခဏထိန်းထားလို့မရဘူးလား ဒီဘက်က သန့်စင်ခန်းတွေက အနံ့မကောင်းဘူး"

"လုပ်ပါ ငါအောင့်ထားလို့မရတော့ဘူးဟ"

"အေးပါ သွားကြတာပေါ့ ငါအပြင်ကစောင့်မယ်"

The soundtrack of death [[Taekook]]Where stories live. Discover now