လွန်ခဲ့သောနှစ်အနည်းငယ်ခန့်....
ဂျောင်ကုသည် တက္ကသိုလ် တတိယနှစ်တွင်မီယာဆိုသောမိန်းကလေးနှင်စပြီးတွဲဖြစ်ခဲ့သည် မီယာသည် အတော်လေးကိုပဲလှပါသည်။ အသားဖြူပြီးအရပ်ရှည်ရှည်နဲ့ ဆံပင်အရှည်ကြီးကိုလည်းသူမပိုင်ဆိုင်ထားပါသည်။ မီယာနဲ့ဂျောင်ကုသည် တစ်ခန်းထဲစာသင်သူများပင်ဖြစ်ကာ ဂျောင်ကုအဖေ၏လုပ်ငန်းတွင် မီယာ့အဖေသည် ရှယ်ယာအများဆုံးသူပင်ဖြစ်သည်။ ထိုအကြောင်းကိုတော့သူတို့နှစ်ယောက်တွဲပြီးလအနည်းငယ်အကြာမှသိခဲ့ခြင်းဖြစ်သည်။
မီယာနဲ့တွဲပြီး တစ်နှစ်လောက်အကြာတွင်တော့ မီယာ၏စိတ်ကိုဂျောင်ကုသိလာရသည်။ မီယာသည် အရမ်းကိုပေါ့ပြတ်ပြတ်နိုင်လွန်းပါသည်။ အပျော်အပါးလည်းတအားမက်သူမို့ ဂျောင်ကုလိုအေးအေးဆေးဆေးသမားနဲ့သိပ်အဆင်မပြေလှပါ သို့ပေမယ့်ဂျောင်ကုသည် မိယာ့ကိုသံယောစဉ်ကြောင့်ပဲလား တကယ်မေတ္တာရှိလို့ပဲလားမသိ သူမကိုတတ်နိုင်သလောက်ပြုပြင်ပေးခဲ့ပါသည်။
"ဒီည အပြင်မသွားနဲ့နော်မီယာ ကို့ မေမေတို့နဲ့လိုက်တွေ့"
"အရမ်းစောမနေဘူးလား ကိုကိုရာ"
"ဘာကိုလဲ မင်းနဲ့ငါနဲ့တွဲလာတာပဲတစ်နှစ်ကျော်နေပြီကို မေမေကမင်းကိုသိပ်တွေ့ချင်နေတာ"
"မီယာ ဒီည ချိန်ထားတာရှိတယ် နောက်နေ့... နောက်တစ်ခေါက်မှတွေ့ရအောင်နော် ကိုကို"
"မင်းဒီလိုပဲငြင်းနေတာပဲ ကို့ အိမ်လိုက်ခဲ့ဆိုတော့လည်းမဟုတ်ဘူး မင်းမိဘတွေနဲ့တွေ့ပေးဆို တော့လည်းမဟုတ်ဘူး မင်းဘယ်လိုလဲမီယာ ကို့ ကိုမချစ်ဘူးလား"
"ဟာ! ဘာတွေလဲကိုကိုရာ အဲ့လိုတွေတွေ့ပြီးရင်အတင်းတေလက်ထပ်ခိုင်းကြမှာ မီယာ လွတ်လွတ်လပ်လပ်နေချင်သေးတယ် ကိုကိုရဲ့"
"ခက်တယ် မီယာ မင်း ငါ့ကိုအလေးအနက်မရှိလိုက်တာ"
"စိတ်ရှုပ်လာပြီ မီယာသိတာ ကိုကို့ကိုချစ်တယ် လက်မထပ်ချင်သေးဘူး လွတ်လွတ်လပ်လပ်နေချင်သေးတ
ယ် ဒါပဲ""မပြောချင်တော့ဘူး ဒီညဘယ်ကိုသွားမှာလဲ လိုက်ပို့ပေးမယ်"
"ရိုင်ယန် ကbar အသစ်လေးတစ်ခုဖွင့်ထားတယ်တဲ့သွားမလို့ ကိုကိုလိုက်ခဲ့ချင်လား"
