အချစ်တစ်ခုကိုစတင်ဖို့ သူ့မျက်ဝန်းတေကလွဲ ဘာမှမလိုအပ်ခဲ့ပါဘူး......
____________________________________
ဂျီမင်းရေ အဖွဲမှူးခေါ်နေတယ်...ဂျီမင်းရေ စရင်းတေစစ်ပေးပါဦး...
ဂျီမင်း မိတ္တူစာရွက်တေယူပေးဦးနော်...
ဂျီမင်း.. ဂျီမင်း.. ဂျီမင်း..
မိုးလင်းအလုပ်ရောက်တည်းက နားနဲ့မဆန်းအောင်အဆခါ်ခံနေရတာ ကိုယ့်နာမည်တောင်ကိုယ်စိတ်ပျက်မိတဲ့အထိပဲ နာမည်ပြောင်းပစ်ပြီး လမ်းဘေးမှာ သတင်းစာလိုက်ရောင်းတဲ့လူလုပ်ရင်တောင်နားအေးပါဦးမယ် အခုတော့ ရထားတဲ့ရာထူးတောင်မေ့ပြီး လက်တိုလက်တောင်းသာသာပဲဖြစ်နေပါလား...
"ဂျီမင်း"
"ဘာလဲ ဘာလဲ မင်းကရောဘာခိုင်းဦးမလို့လဲ"
"ဝိုး စိတ်လျော့ပါဆရာ ကျွန်တော်ဘာမှမပြောရသေးပါဘူး"
"ငါစိတ်မကြည်ဘူး ယုံးဟွာ ပြောစရာရှိတာသာပြော"
"ထမင်းစားပြီးပြီလား"
"အချိန်ကိုကြည့်လေ ညနေတောင်ရောက်တော့မှာစားပြီးပြီပေါ့"
"ညနေမင်းတို့ဌာနအချိန်ပိုဆင်းစရာမလိုဘူးတဲ့ ဒါရိုက်ဝာာကပြောခိုင်းလိုက်လို့"
"တကယ်လားယုံးယွာ"
"အေးဟုတ်တယ် အဲ့တာမင်းပဲ မင်းဌာနကိုပြောပေး"
"အေးအေး အမလေးအကြာကြီးနေမှအိမ်ကိုအစောကြီးပြန်ရတော့မယ်"
"ငါသွားပြီဂျီမင်း"
"အိုခေ ကျေးဇူးပါကွာ"
ညနေ ငါးနာရီ ဆိုတဲ့အချိန်မှာဆိုးလ်းမြို့ကြီးကဒီလောက်တောင်ပဲလှရသလား အမြဲအလုပ်ကပြန်ရင် မှောင်မည်းနေချိန်မှ ပြန်ရသူမို့ ပြန်ရင် အိမ်မြန်မြန်ရောက်ချင်စောကလွဲဘာမှမသိ ဒီနေ့တော့ အစောကြီးလည်းပြန်ရတဲ့အပြင်ဘာအလုပ်မှလည်းမပါလာသည်မို့ ခြေလှမ်းတေသည် အိမ်ဘက်မဟုတ်ပဲ ဆိုင်လေးတစ်ဆိုင်ဆီဦးတည်လိုက်တော့သည်.....
____________________________________"ဟိုင်း! Jin hyung"
"အို ဒါဘယ်သူပါလိမ့် ဂျီမင်း ခုတစ်ဆလာဘယ်တေပျောက်နေတာတုန်း"
