four

36 3 0
                                        

အလုပ်ပိတ်ရက်မှာ ဂျောင်ကုတစ်ယောက်အိမ်ကိုပြန်လာမည်ဟုပြောထားသောကြောင့်သူ့ကားလေးသည်အိမ်ပြန်နေသည့်လမ်းမပေါ်မှာ
ဂျောင်ကုတို့မိသားစုသည်အရမ်းအဆင်ပြေသည်လည်းမဟုတ်ပါအစကတော့ သူ့အဖေ၏ကိုယ်ပိုင်လုပ်ငန်းလေးနဲ့အဆင်ပြေပါသည်။ နောက်ပိုင်းမှာ အဖေ့ရဲ့ကျန်းမာရေးသိပ်မကောက်းတော့သည်မို့သူတို့လုပ်ငန်းလေးကိုအခြားသူကိုဦးစီးခိုင်းကာ ။သူတို့ကတော့ထိုလုပ်ငန်းကရတဲ့အကျိုးအမြတ်နဲ့သာစားသောက်နေထိုင်ကြသည်။ဂျောင်ကုကျောင်းပြီးမှသာ အလုပ်လုပ်ဖို့ဆိုလ်းကိုတက်လာခဲ့သည် ဆိုလ်းမှာကနယ်ထပ်စာရင်အလုပ်ရောလစာရောကောင်းသည်မို့သူ့အတွက်အများကြီးအဆင်ပြေပါသည်။

________________________________

"မေမေ"

"ဟယ် သားလေးရောက်လာပြီလား"

"နေကောင်းလားမေမေ ဖေဖေရော'

"ကောင်းတယ်သား
သားအဖေက အခန်းထဲမှာ"

"ကျွန်တော်ဖေဖေနဲ့တွေ့လိုက်ဦးမ
ယ်"

"အင်း မေမေမီးဖိုထဲမှာရှိမယ်"

‌ဒေါက်..... ဒေါက်

"ဖေဖေကျွန်တော်ပါ"

"ဝင်လာခဲ့"

"နေကောင်းတယ်မလားဖေဖေ"

"မင်းလုပ်ချင်တာလုပ်ပြီးမှ ငါနေကောင်းမကောင်းကိုဂရုစိုက်စရာမလိုပါဘူး"

"ဘာလို့အဲ့လိုတွေးရတာလဲဖေဖေ ကျွန်တော့်ဘက်ကိုတွေးပါဦး"

"ဘာလို့ မီယာနဲ့လမ်းခွဲရတာလဲ"

"အဆင်မပြေလို့"

"အဆင်မပြေဘူးဆိုတာနဲ့အဲ့လိုလုပ်လို့ရလား ငါဒီဘက်ကိုဘယ်လိုမျက်နှာပြရမလဲ"

"ကျွန်တော်အဆင်ပြေလားတော့တစ်ခါမှမမေးပဲနဲ့
အမြဲ ဖေဖေတို့သဘောပဲ"

"မီယာနဲ့အဆင်ပြေအောင်ပြန်နေ ဂျောင်ကု မနေနိုင်ရင်မင်းဒီကိုပြန်လာစရာမလိုဘူး"

"အဲ့တာဆိုကျွန်တော့ပြန်လိုက်ပါဦးမယ်'

"‌ဂျွန်ဂျောင်ကု!!!!!!"

ဂျောင်ကု သည်အဖေ့ကိုစိတ်စိုးစိုးနဲ့ ချက်ချင်းပြန်ထွက်လာခဲ့သည်။အမြဲ ကိုယ်ဖြစ်ချင်တာပဲကိုယ်ကြည့်တဲ့ မိဘတေကိုတစ်ခါတစ်လေတော့မုန်းမိပါရဲ့......

I'm so in love with You Where stories live. Discover now