(ဤဇာတ်လမ်းသည် ကျွန်မရဲ့စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်..အပြင်လောကနှင့် လားလားမျှ မသက်ဆိုင်ပါ)
1392 ခုနှစ် ဂျိုဆွန်း
" သမားတော် Kim သမားတော် Kim အိမ်ကိုကြွပေးပါအုံး အိမ်ကသမီးလေးဘာဖြစ်နေလို့လည်းမသိဘူး ဗိုက်အောင့်တယ်ပဲပြောနေလို့ပါ "
ထမင်းစားသောက်ပြီးလို့ အိမ်ရှေ့ကွပ်ပျစ်ပေါ် ပက်လက်လှန်ကာ ခြေထောက်ချိတ်လို့ ပါးစပ်ထဲက သွားကြားထိုးတံကိုဝါးရင်း အတွေးနယ်ချဲ့နေချိန် သူအိမ်ထဲအပြေးဝင်လာတဲ့ လူတယောက် ..
" ဘာဖြစ်ပြန်ပြီလည်း "
" ကျွန်တော်သမီးလေးက ဗိုက်အောင့်တယ်ဆိုပြီး အော်ဟစ်နေလို့ပါ ကယ်ပါအုံးသမားတော် Kim "
" မင်းတို့က လာလိုက်မှဖြင့်အသဲအသန်တွေကြီးပဲ သွားငါလာခဲ့မယ် "
" ကျေးဇူးပါ သမားတော် Kim "
အိမ်ထဲသို့ ဝင်ကာသူရဲ့ လက်နက်ဖြစ်တဲ့ ဆေးအိတ်ကိုလွယ်လို့ ထွက်လာခဲ့သည်..ဂျိုဆွန်းပြည်နယ်ထဲ သူရဲ့အပ်စိုက် ဆေးကုသမှုက အလွန်ပင်ကျော်ကြားသည်..
ရုပ်ရည်အားဖြင့်လည်း အပျိုတွေလည်ပြန်လှည့်ကြည့်ရလောက်အောင်ချောမောကာ ပြီးပြည့်စုံတဲ့ယောကျားတယောက်..သူဌေးသမီးတွေမျက်စိကျကာ လာပြီးရေလာမြောင်းပေးလုပ်ကြတဲ့ အပျိုတော်တွေလည်းမနည်းမနော..
အရက်နဲ့မိန်းမ ဘာရွေးမလည်းမေးရင် အရက်က်ိုသာရွေးမည်ဖြစ်သော သမားတော် Kim ဟာ သူ့အလုပ်ချိန်ကလွဲလို့ကျန်သောအချိန်တွေဆို အမြဲမှုးနေတက်သူတဦး အသက်အားဖြင့် 25 ဝန်းကျင်သာရှိသေးတဲ့ သမားတော် Kim ဟာ မိဘတွေမရှိတော့ပဲ အဖေဖြစ်သူသင်ပေးခဲ့တဲ့ အပ်စိုက်ပညာနဲ့အသက် မွေးသည်..အဖေထက် လက်ဇောင်းထက်တယ်ပဲပြောရမလား သမားတော် Kim ဟာ ဂျိုဆွန်းမှာတော့ မရှိမဖြစ်သမားတော်တပါးပင်ဖြစ်သည်..
"သမားတော် Kim ကြွပါ "
အိပ်ယာပေါ်လူးလိမ့်ကာ အော်ဟစ်နေတဲ့ ကလေးမ ကိုကြည့်ပြီး ခေါင်းတခါဖြင့်အနားမှာသွားထိုင်ကာ
" မှောက်လိုက် ပြီးရင်ညိမ်အောင်ချုပ်ထား "
မိဘနှစ်ပါးဟာသူတို့သမီးကိုမှောက်လိက်အနေအထားထားကာ အဖေက အပေါ်ပိုင်းချုပ်လို့ အမေကခြေထောက်ကိုချုပ်လို့ထားသည်..
ခါးနားကအကျီစကိုအနည်းငယ်လှန်လိုက်ကာ သူအိတ်ထဲက အပ်တချောင်းကိုထုတ်လိုက်ပြီး ထိုကလေးမ ရဲ့ခါးကို ဖြေးဖြေးခြင်းထိုးစိုက်လိုက်သည်..သိပ်မကြာခင်မှာပဲ ထိုကလေးမရဲ့ ဖင်ကနေလေလည်တဲ့အသံအကျယ်ကြီးနဲ့အတူ အနံ့ကလည်းအတော်ပျင်းသည်..