4

639 61 38
                                    

မနက်ခင်း ထမင်းစားခန်းထဲ ထိုင်ခုံပေါ်ခြေထောက်တဖက်တင်ကာဒူးထောင်လို့ထိုင်နေတဲ့ သမားတော်ကင်..အနောက်ကနေလှန်းကြည့်နေတဲ့ Dr.Jeon ရဲ့မြင်ကွင်းထဲမှာတော့ ဆံပင်တွေကို အနောက်သို့အပြောင်သိမ်းကာ ခပ်မြင့်မြင့်လေးစီးလို့ထားတာကြောင့် မေးရိုးထင်းထင်းလေးရယ် နှာတံဆင်းဆင်းလေးက အထင်းသားမြင်နေပြီး မုန့်စားနေတာကြောင့် ဆူဆူထွက်သွားတဲ့ နှုတ်ခမ်းလေးကိုလည်း သေချာကြည့်နေမိသည်..

သူရပ်ကြည့်နေတာကိုပဲ သိသွားလို့လား လှည့်ကြည့်လာတဲ့သူ.. မျက်နှာပြင်လေးကအပြစ်အနာကင်းကာ ကြည်လင်လို့​နေသည် Dr.Jeon တယောက်ခဏမျှမေ့မျောကာကြည့်နေမိသေးသည်..

" ဒီဟာက စားလို့ရတယ်မဟုတ်လား "

" ခင်များစားနေတာ တထုပ်ကုန်တော့မယ်မဟုတ်လား "

" အင်း ငါဗိုက်ဆာလို့ ရှာကြည့်တာ ဒါကအနံ့ကလည်းမွှေးနေလို့စားလို့ရမယ်ထင်လို့စားကြည့်တာ စားလို့ရနေတယ် အဲ့တာကြောင့်ဆက်စားနေလိုက်တာ "

ပလုပ်ပလောင်းနဲ့ပြောနေတဲ့ သမားတော်ကင်နားသွားကာ ဗီဒိုထဲကယိုဘူးကိုထုတ်လို့ ရှေ့သို့တိုးအေးလိုက်ပြန်တော့ ကြောင်တောင်တောင်နဲ့ကြည့်နေပြန်သည်..

" ရော့ ဒါနဲ့စား "

" ဒါကရောဘာလည်း "

"သူတို့နှစ်ခုက လင်မယားလိုပဲ နှစ်ခုပေါင်းမှ အရသာပိုရှိတာ ဒီမှာကြည့် ဒါက ယောကျား ဒါကမိန်းမ ဒီယောက်ကျားပေါ် ဒီမိန်းမကိုတင်လိုက် "

" ဝါးးးယောကျားမိန်းမ အင်းးးသိပြီ "

ပေါင်မုန့်ယိုသုပ်ကို အဓိပ္ပါယ်ဖွင့်ဆိုချက်ပေးလိုက်တဲ့ Dr.Jeon.သူပေါက်ကရပြောသမျှ တယောက်ကလည်း အူတူတူနဲ့အဟုတ်ကြီးထင်ကာ တကယ်တွေမှတ်သားနေတော့သည်..

" မင်းတို့ခေတ်ကြီးကလည်းနော် တော်တော်ထူးဆန်းတာတွေကြီးပဲ ဒါပေမယ့် တကယ်စားကောင်းသွားတာဟ ခုဏအာခေါင်တောင်ခြောက်တယ် "

" အင်းယောကျားတယောက်ထဲဆို အာခေါင်ခြောက်တယ် "

သူရှေ့မှာသူလုပ်ပေးတာကိုပလုပ်ပလောင်းစားနေတဲ့ သမားတော်ကင်..နှုတ်ခမ်းလေးဆူဆူတက်သွားတာကိုထပ်မှန်သူကြည့်နေမိပြန်သည် တချိန်ထဲမှာပဲ နှုတ်ခမ်းပေါ်မှာပေလို့နေတဲ့ ယိုစလေးတွေကို သူလက်မနဲ့သွားသုတ်ပေးမိတဲ့အထိ သတိလက်လွှတ်ဖြစ်သွားသည်..သူလက်မက ဆူထွက်နေတဲ့ နှုတ် ခမ်းလေးကိုသွားထိမိတော့ တဖက်ကလည်းဝါးနေရင်းငြိမ်သွားကာ သူ့ကိုကြည့်နေသလို သူကလည်း ပြန်ကြည့်နေမိသည်..

You've reached the end of published parts.

⏰ Last updated: Dec 31, 2023 ⏰

Add this story to your Library to get notified about new parts!

WHO?  (ခေတ္တခဏရပ်နား)Where stories live. Discover now