" အားးးးးး"
"အားးးးး"
နှစ်ယောက်သားပြိုင်တူ ဆိုဖာပေါ် ခုန်တက်လိုက်ကာ Jungkook က လက်ထဲက ရီမုနဲ့ သူရဲ့ဘေးနားဘယ်ကရောက်လို့လာမှန်းမသိတဲ့သူကို ရွယ်လို့ထားသလို ဘေးကလူကလည်း စားပွဲကတော့ ရီမုနောက်တခုကိုကောက်ကိုင်လို့ရွယ်လို့ထားသည်..
" ဘယ်သူလည်း ဘယ်သူလည်း "
သူမေးလိုက်တော့ ရှေးခေတ်ရိုးရာအဝတ်အစားကိုဝတ်လို့ထားတဲ့ တဖက်ကလူကလည်း စကားတခွန်းတောင်ပြန်မပြောပဲ သူ့ကိုပြူပြီးကြည့်လို့နေတာကြောင့် လူလိုလိုသရဲလိုလို ဖြစ်နေသည်..
" သ သ သရဲလား ခင်များက "
" လူကွလူ လူ ငါက သမားတော် Kim "
သရဲက သူသရဲပါလို့ပြောမလား Jungkook ရယ်..သရဲလားဆိုပြီးသွားမေးနေသေးတာ သူက..
" မင်းကဘယ်သူလည်း "
" ငါက Dr.Jeon "
တဖက်ကလူကစကားပြန်ပြောလိုက်တဲ့ချိန်မှာတော့ Jungkook ဟာ ဆိုဖာပေါ်ကနေခုန်ဆင်းသွားကာ ခပ်လှန်းလှန်းမှာ ရပ်လို့နေသည်..ခုထိလက်ထဲကရီမုကိုလည်းမချသေး..ဒါတောင်နှစ်ယောက်သားမိတ်ဆက်နေသလို..
" ခင်များ ဘယ်သူလည်း ဘယ်လိုလုပ်ကျွန်တော်အိမ်ထဲရောက်လာတာလည်း မဟုတ်ဘူး ဘယ်လိုလုပ်ကျွန်တော်ဘေးနားကို ဘွားခနဲပေါ်လာတာလည်း ပြီးတော့ ပြီးတော့ ခင်များအဝတ်အစားတွေက မဟုတ်မှ ခင်များ သရဲမဟုတ်လား လာမလိမ်နဲ့ ကျွန်တော်က ဆရာဝန်နော် သရဲလာခြောက်ဖို့မစဥ်းစားနဲ့ ရေခဲတိုက်တောင် ညတိုင်းအဝင်အထွက်လုပ်ပြီးလူစစ်နေတာ "
" အောင်မှာ ငါကိုရောဘာမှတ်နေလည်း သချိုင်းကုန်းမှာ ညတိုင်း တရားထိုင်လာတာကွ "
" အားးမသိချင်ဘူး ခင်များဘယ်လိုရောက်လာတာပဲပြော "
" ငါလည်းမသိဘူး ငါကရောဒီကိုဘယ်လိုရောက်လာတာလည်း ဒီနေရာကဘယ်နေရာလည်း ဘာလို့ဒီလောက်လင်းထိန်နေရတာလား ပြီးတော့ "
ထိုင်နေရာကနေ လင်းထိန်နေတဲ့မီးကျောင်းတွေကိုကြည့်လိုက် သူထိုင်နေတဲ့ဆိုဖာကိုကိုင်ကြည့်ကာ..