သူ့အခန်းစီပြန်ရောက်လာတော့ အနောက်ကနေပါးစပ်အဟောင်းသားနဲ့ပါလာသူ..ခုချိန်ခုဏစီးခဲ့တာကိုသူမှာ အံ့သြလို့မဆုံးသေးဘူးဖြစ်နေတာ..
" အဲ့တာက အဲ့လိုလား ဒီကိုအမြန်ရောက်စေတာလား ဝါးးးမိုက်လိုက်တာ "
Jungkook ရဲ့အတွေးထဲဝင်လာပြန်တာက ငါဒီလူနဲ့ဘယ်လိုတောင်စခန်းသွားရမှာလို့. အိမ်ထဲရောက်ပြန်တော့ ခုဏမှာထားတဲ့ ကြက်ကြော်ကို ထမင်းစားပွဲမှာတင်လို့ စာဖို့ပြင်ဆင်ပြန်တော့လည်း အိမ်ရှေ့မှာကျန်ခဲ့တဲ့ထိုလူက တအိမ်လုံးကို လှည့်ပတ်ကြည့်ရှုစစ်ဆေးနေပြန်သည်.
" ခင်များဘာစားပြီးပြီလည်း "
" ငါဘာမှစားမလာရဘူး "
" နောက်ခါလာရင်စားပြီးမှလာခဲ့လေ ခုတော့ ငါဝယ်ထားတာလာစား "
Jungkook နားကိုရောက်လို့လာတဲ့ သမားတော် Kim.. သူရှေ့ကခုံမှာ ထိုင်ဖို့ပြောလိုက်ပြန်တော့ ထိုင်ဆိုထိုင်နေပြန်နေပါသော်လည်း မျက်လုံးက အနောက်ကမီးဖိုစီသို့..
" ခင်များမသိတဲ့ပစ္စည်းတွေလိုက်ကြည့်မနေနဲ့ သိလည်း ခင်များပြန်သွားရင် မှတ်မိမှာမဟုတ်ဘူး ရော့စား "
သူပေးလိုက်တဲ့ကြက်ကြော်တုံးကိုဖင်တပြန်ခေါင်းတပြန်လှန်လှောပြီးကြည့်နေသည်..ဘေးကအချဥ်ခွက်ကိုလည်းကြည့်ကာ..
" ဒါကသွေးတွေလား "
" အဲ့တာ အချဥ်လို့ခေါ်တယ် ဒီမှာကြည့် ဒါကိုဒီလိုတို့ပြီး ဒီလိုပါးစပ်ထဲထည့်ရတာ "
သူလုပ်ပြတဲ့အတိုင်း ကြက်ကြော်ကို ဖဲ့ကာ အချဥ်နဲ့တို့လို့ ပါးစပ်ထဲထည့်ဖို့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြန်သည်..
" စားပါ ခင်များအဲ့တာစားလို့ ကျွန်တော်အိမ်မှာအကြာကြီးမနေရဘူး နေလည်းမနေခိုင်းဘူး ခုတောင်မကောင်းတက်လို့ အပြင်မှာနေရင်သေသွားမှာစိုးလို့ လူသားခြင်းစာနာတဲ့အနေနဲ့ခေါ်ထားတာ "
သမားတော် Kim မှာ စားဆိုလို့စားလိုက်ချိိန်မှာတော့ တော်တော်လေးအကြိုက်တွေ့သွားပုံရသည် .သူဝတ်ထားတဲ့ အကျီကလက်ရှည်နေတာကြောင့် အကျီလက်ကိုဆွဲတင်ကာ တတုံးလုံးကိုမဖဲ့တော့ပဲ အားရပါရအချဥ်နဲ့တို့လို့စားပါတော့သည်..တတုံးကုန်သွားတော့ မျက်နှာငယ်လေးနဲ့ကြည့်နေတဲ့ သမားတော် Kim..