Don't cry

637 18 0
                                    

U

အခန်းတစ်ခန်းထဲမှ ကျယ်လောင်စွာထွက်ပေါ်လာသော အော်ရယ်သံတစ်ခု...

အလုပ်ကပြန်ရောက်ရောက်ချင်း ကားပေါ်ကဆင်းတာနဲ့ ရင်ထဲထိစို့နစ်စေတဲ့ ဒီငိုသံတစ်ဝက်နဲ့
လှောင်ရယ်သံကြီးက အတိတ်ဆိုတဲ့အရာကိုသာပြေးပြေးပြီးဆွဲထိုးချင်စိတ်ပေါက်အောင်အသွေးအသားထဲထိနှိုးဆွနိုင်သည်။

ငါ့ညီလေးဘယ်ချိန်ထိများဒီလိုဆက်ဖြစ်နေမှာလဲ....

"သူအိပ်နေတာမဟုတ်ဖူးလား"
"ခုနလေးကမှနိုးလာတာပါ သခင်လေး
အကိုလေးသောက်ဖို့ဆေးနဲ့နွားနို့ခွက်သွားပို့တာ
ထုံးစံအတိုင်းအကုန်လုံးကိုလွှင့်ပစ်လိုက်လို့ အသစ်ပြန်လုပ်နေတာပါ"
"အဲ့တာတွေယူပြီး ငါ့ကိုလာပေး ငါသွားပို့လိုက်မယ်"
"ဟုတ် သခင်လေး"

ဆော့ဂျင်တစ်ယောက် ဆေးနဲ့နွားနို့ခွက်ကိုယူပြီး
အပေါ်ထပ်သို့တက်သွားကာ အမှောင်ဖုံးနေတဲ့အခန်းကျဥ်းလေးထဲသို့ဝင်သွားလိုက်သည်။

"ဘယ်သူလဲ ဘာလာလုပ်တာလဲ ထွက်သွား!!! အကုန်ထွက်သွား!!!မလာနဲ့ငါ့ဆီ သွား!!!!!!"

အမှောင်ခန်းထဲမှကုတင်ထောင့်စွန်းလေးတွင်ဒူးနှစ်ဖက်ကိုပိုက်ပြီး ငိုနေရင်းမှအခန်းဝဆီစူးစူးရှရှ
လှည့်ကြည့်လာသော မျက်လုံးဝိုင်းများ

"အကိုပါ ငယ်လေးရဲ့"

"အကို ဆော့ဂျင်ဟျောင်း...."

တစ်ယောက်ထဲကြားရုံလောက် ရေရွတ်လိုက်ပြီး
မျက်ရည်များပြည့်နေသော ဝိုင်းစက်စက်တစ်စုံဟာ
ချက်ချင်း လက်ငင်းပင် ကြယ်ပွင့်လေးများသဖွယ်တောက်ပလာခဲ့သည်။

မတ်တပ်ပင်ခိုင်အောင်မရပ်နိုင်ခဲ့သော်လည်း
ကြမ်းပြင်တွင်ဒူးထောက်ပြီး လျင်မြန်စွာပင်ထလာဖို့ပြင်ခဲ့သည်။သိပ်မဝေးကွာလွန်းသော်လည်း သူ့အကိုဆီရောက်နိုင်ဖို့ ကြမ်းပြင်နဲ့ဒူး ဒူးနဲ့ခြေဖဝါးချင်းယှက်နွယ်ကာ ဖယိုဖရဲဖြင့်သာပုံလျက်သားရောက်ရှိသွားရသည်ည်။အင်အားဆိုတာ ဘာမှန်းမသိလောက်အောင်အရာရာဟာယိုယွင်းနေလျက်ပင်

သူ့အကိုရှေ့ရောက်ရောက်ချင်း ဘောင်းဘီစကိုိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ စကားပြောဖို့ရန်ကုပ်တွယ်တက်ပြီး

Lovely Jikook❤️🤍Where stories live. Discover now