U
အပြင်မှာမိုးတွေရွာနေတယ် ပြတင်းပေါက်နားက စားပွဲမှာထိုင်နေရင်း
ပြတင်ပေါက်မှန်ကိုလာစင်ကာစီးကျနေသောမိုးရေစက်ကလေးများကိုထိတွေ့နေခဲ့သည်။လွမ်းလိုက်တာ လွမ်းလိုက်တာဆိုတာ ရင်ထဲနစ်နေအောင်ဘဲ...
အရင်ချိန်တွေပြန်တွေးမိတိုင်း
မိုးရည်စက်တွေလို မျက်နှာပေါ်မှာမျက်ရည်များတသွင်သွင်စီးကျလာခဲ့သည်။ဘယ်အကြောင်းအရာကိုမှမတွေးချင်
လက်ပေါ်ကဓားဒဏ်ရာတွေကိုကြည့်ပြီး
သတ်သေဖို့လုပ်တိုင်း သေခွင့်မပေးတဲ့အိမ်ကလူတွေကိုမုန်းလိုက်တာ...ငါသေချင်နေပါပြီ ဒီရင်ဘတ်ထဲကနာလွန်းလို့ပါလို့ ရင်ဘတ်ကိုထုပြီးငိုကျွေးပြလဲ
သူတို့မခံစားရတိုင်း ရင်မနာဖူးတိုင်း
ငါ့ကိုသေခွင့်မပေးကြဘူး...သူထွက်သွားတာဒီနေ့နဲ့ဆို၃နှစ်၃လနဲ့၂၄ရက်ရှိခဲ့ပြီ
အတူလိုက်လာပါ့မယ်လို့ကတိတွေအထပ်ထပ်ပေးပြီး မသေနိုင်သေးတဲ့ကိုယ့်ကိုယ်ကိုယ်မုန်းလိုက်တာ...
ကလေးမရှိရင်မောင်လဲလိုက်သေမှာလို့ပြောတိုင်း ဆွေးဆွေးမြေ့မြေ့မျက်ဝန်းတွေနဲ့
"အဲ့လောက်ထိချစ်တာလား"လို့မေးတတ်တဲ့ကလေးလေးဆီကို ဒီကောင်က "ဟော့ဒီလောက်ထိချစ်တာပါ"ဆိုပြီး သတ်သေပြီး
ချစ်ကြောင်းပြလိုက်ချင်တာမောင်မကောင်းခဲ့တာပါ မင်းသိပ်ချစ်တဲ့မောင်က မင်းအတွက်လူဆိုးကြီးဖြစ်ခဲ့တာ....
အသိစိတ်ရော မသိစိတ်ရောက မိုးတွေရွာတိုင်းကလေးကိုသတိရစေတယ်။
သူထွက်သွားပါပြီ လူ့ဘဝကအပြီးတိုင်ထွက်သွားပါပြီဆိုတုန်းက မျက်ရည်တွေနဲ့ပြန်လာခဲ့ပါလို့အော်ပြောလို့မှမရခဲ့တာ....ကလေးပြန်မလာရင် မောင်ဘဲလိုက်လာခဲ့မှာပေါ့ဆိုပြီး လက်ပေါ်မှာလှီးဖြတ်ထားသမျှဓားရာတွေအပေါ် ဒီနေ့လဲနောက်တစ်ကြိမ်တွေ့ဆုံရဖို့ကြိုးစားမိပြန်တယ်။
ဒီတစ်ကြိမ်တော့တကယ်သေရပါစေ လို့ရှိသမျှဘုရားသခင်တွေဆီအကုန်ဆုတောင်းပါတယ်။ကလေးကကျွန်တော့်ကိုစောင့်နေသေးတာမို့လို့ပါ...