U
18+မို့ ကြိုက်မှဖတ်ပါ။အမှားပါခဲ့ရင်တောင်းပန်ပါတယ်။ ဒီတစ်ပိုင်းက18 Warning ပေမဲ့ နောက်တစ်ပိုင်းမှာစိတ္တဇဆန်ဆန် Warningပါတာမို့ သေချာထပ်ပြောပါမယ် ကြိုက်မှဖတ်ပါ။
ဝေဖန်မယ်ဆိုမဖတ်ပါနဲ့ လစ်ပါ👌
________________________________"ဒီနေ့မောင် အိမ်ကိုလာမယ်တဲ့"
တစ်ယောက်ထဲပြုံးပျော်ကာ ရေရွတ်လိုက်သောအသံ
ထိုနေ့မတိုင်ခင်တစ်ပတ်အလိုကတည်းက နေ့တိုင်းလိုလို အမေရှေ့လဲမရှောင်နိုင်ဘဲ
"တနင်္ဂနွေနေ့ မောင်လာမယ်တဲ့"ဆိုသောစကားကို အချိန်ပြည့်ပြောကာအူမြူနေတတ်သောကြောင့် အခေါက်ခံရပေါင်းလဲမနည်း..."Park Jimin!!!! တော်ရုံယွစမ်း!
သူ့လင်တော်မောင်လာမယ်ဆိုတာနဲ့စပ်စလူးနတ်ပူးကိုဖြစ်နေတာဘဲ"အမေက မီးဖိုခန်းထဲကမောင့်အကြိုက်ဆိတ်သားဟင်းကိုချက်နေရင်း လှမ်းဆူသည်။
အမေသည်လဲမောင့်ကိုသားအရင်းတစ်ယောက်လိုချစ်ပါသည် ဘာလိုဆိုမောင်ကလိမ္မာတာကို....ပြီးတော့လူကြီးတွေကိုလဲအလိုက်သိတယ်လေအဖေကလဲမောင်နဲ့တွဲနေတာသိပေမဲ့ ဘာမှတော့ထွေထွေထူးထူးစကားမဆိုပါ...မောင်နဲ့မျက်နှာချင်းဆိုင်တွေ့ရင်တောင်စကားပြောခြင်းမရှိပေ မသိလိုက်မသိဘာသာနေတတ်သည်။
"အမေရေ သားလာပြီ"
"မောင်!!!!"
တံခါးဖွင့်သံနှင့်အတူ လွယ်အိတ်အမဲလေးလွယ်ကာဝင်လာသော မောင်ကအမြဲလိုလို
Jiminထက် အမေ့ကိုသာအော်ခေါ်တတ်သည်။
Jiminမှာမောင့်အသံကြားတာနဲ့ တံခါးဖွင့်ဝင်လာသောအရိပ်လေးဆီပြေးသွားကာ ခုန်ဖက်လိုက်တော့ မောင်ကအလိုက်သင့်ထိန်းပေးသည်။Jiminရဲ့ရုတ်တရက်တုံ့ပြန်မှုတွေကအစ အလွတ်မှတ်မိနေသောမောင်ကJiminကိုအတိုင်းအစမဲ့ချစ်ကြောင်း အပြုအမူတွေဂရုစိုက်မှုတွေနဲ့သက်သေပြတတ်သည်။
"Kookieလေးရောက်လာတာနဲ့ အဆိုးလေးကအနိုင်ကျင့်တော့တာဘဲ
Jiminနင်အခုထိkookieလေးကိုယ်ပေါ်ကမဆင်းဘူးလား"Jungkookကိုအတင်းတက်ခွကာဖက်တွယ်နေသော
Jiminရဲ့ဖင်ကိုခပ်စပ်စပ်လေးရိုက်ကာ အမေကဆူပြန်သည်။
![](https://img.wattpad.com/cover/356431042-288-k261625.jpg)