U
မင်္ဂလာလက်ဖွဲ့အဖြစ်မိဘတွေဆီမှလက်ဆောင်ရခဲ့တဲ့ အိမ်ကြီးဆီကို ကားအဖြူလေးတစ်စီးဆိုက်ရောက်လာခဲ့သည်။
ခြံစောင့်ဟူသည်တစ်စုံတစ်ယောက်မရှိသလို
တိတ်ဆိတ်ငြိမ်သက်လှသော ပတ်ဝန်းကျင်ဖြစ်သော်လည်း ခရမ်းနုရောင်နှစ်ထပ်အိမ်ကလေးသည် တင့်တင့်တယ်တယ်နဲ့ထည်ဝါစွာတည်ရှိနေခဲ့သည်။တွဲနေတဲ့အချိန်ကတည်းက နှစ်ယောက်အတူလွန်ကြူးမိခဲ့ကြလို့ လက်ထပ်လိုက်ရတယ်ဆိုသော်ငြား မိဘတွေကအလိုလိုက်ချစ်ပေးရှာပါသည်။လိင်တူဖြစ်နေလို့ဘာမှမဖြစ်နိုင်ဘူးဆိုသော်ငြားဂျီမင်းရဲ့နစ်နာမှု့အတွက် ချစ်ခြင်းကိုခွဲခြားခြင်းမရှိဘဲ ရွှေလက်တွဲမြဲစေခဲ့ကြသည်။
"မောင် အထုပ်တွေနိုင်ရဲ့လား hyungဝိုင်းသယ်ပေးမယ်လေ ဒီအထုပ်hyungကိုပေး"
အထုပ်ပေါင်းများစွာကိုမနိုင်မနင်းတစ်ပြိုင်ထဲသယ်ဖို့ရန်ပြင်နေသော ဂျောင်ကုဆီမှ
အမဲရောင်အကွက်စိတ်များပါသောအထုပ်ကြီးကြီးတစ်ထုပ်ကို ဂျီမင်းလှမ်းယူလိုက်သည်။"ရတယ် ရတယ် hyung အဲ့တာမသယ်နဲ့
လေးတယ် မောင်ဘဲသယ်လိုက်မယ် အဲ့နေရာမှာပြန်ချထားလိုက်""ရပါတယ်မောင်ကလဲ hyungလဲယောကျာ်းပါဒီအထုပ်လောက်ကတော့အေးဆေးသယ်နိုင်ပါတယ်"
ဂျီမင်းလဲပြောပြီးတာနဲ့အထုပ်ကိုဆွဲလျက် အိမ်ရှေ့တံစက်မြိတ်အောက်သို့လျှောက်သွားလိုက်သည်။
ဂျောင်ကုလဲ အထုတ်များစွာအားသယ်ပိုးလျက် ဂျီမင်းနောက်မှလိုက်သွားပြီး
"မောင်က hyungပင်ပန်းမှာစိုးလို့ပါဗျာ"
"ဒီလောက်နဲ့မပင်ပန်းပါဘူးကွာ
အော်..ဒါနဲ့ အိမ်သော့ကဘယ်အိတ်ထဲမှာလဲ မောင်"ဂျီမင်းကအိမ်တံခါးရှေ့တွင်ရပ်ကာ အထုပ်ကိုအောက်ချလိုက်ပြီးဂျောင်ကုရှိရာဘက်လှည့်မေးတော့ ဂျောင်ကုလဲအထုပ်တွေကိုဂျီမင်းနည်းတူအောက်သို့ချလိုက်ပြီး သူဝတ်ဆင်ထားသောဒူးပြဲဂျင်းဘောင်းဘီအမဲ၏အိတ်ကပ်ထဲမှာ သော့တွဲကိုဆွဲထုတ်လိုက်သည်။
ဂျီမင်းလဲဂျောင်ကုဆီကသော့တွဲကိုလှမ်းယူပြီး အိမ်တံခါးကိုဖွင့်လျက်အသာဝင်သွားလိုက်သည်။