Beta ယောင်ဆောင်သောမြို့အုပ်ကတော်
Part 8
-----------
မြို့အုပ်၀မ်အနားမှာပိုပြီးသတိကြီးကြီးထားနေရတယ် ဖိုးဖိုးပေးတဲ့ဆေးတွေသောက်ထားရလို့သာ ဟော်မုန်းအနံ့ကိုထိန်းထားနိုင်သေးလို့ တော်သေးတယ် မြို့အုပ်၀မ်အဲ့အနံ့ရပြီးနောက်ပိုင်း အိမ်တော်ကလူတွေကိုလိုက်စစ်တယ် Omegaတစ်ယောက်ယောက်များရှိမလားလို့လေ ။"ငါတို့အိပ်ခန်းကနေရတာဆိုတော့ ရှောင်ကျန့်...."
သူ့ဘက်လှည့်လာလို့ကိုယ်လုံးလေးတုန်တက်သွားပြီး လက်တွေအေးစက်သွားတယ် ။
"ဗျာ..."
"မင်းရေမွှေး၀ယ်ထားတာလား..."
"အာ...ဟုတ်..ဟုတ်တယ် အဲ့တာရေမွှေး၀ယ်ထားတာ အဲ့ပုလင်းကျကွဲသွားလို့အနံ့ကအထဲမှာ လိူင်နေတာလေ..."
"အော်...အဲ့တာဆိုလည်း...အထင်မှားတာနေမှာပေါ့လေ..."
"အင်း..."
ရှောင်ကျန့်သက်ပြင်းသဲ့သဲ့လေးချလိုက်တာကို မြို့အုပ်၀မ်မသိပါ
အဲ့နေ့ပြီးကတည်းကကိုက မြို့အုပ်၀မ်ညဘက်တွေဆို အိပ်မပျော်တော့ဘူးဆိုတာသူသိလာတယ် ညဉ့်နက်မှအိပ်တာတို့
မနက်၃နာရီမှအိပ်တာတို့ရှိတယ် ရှောင်ကျန့်လည်းမသိချင်ယောင်ဆောင်နေလိုက်တယ်။
.
.
.
.
*Wedding dinner party*ဖိတ်စာလေးကမြို့အုပ်၀မ်ရှေ့ကိုတည့်တည့်ရောက်လာလေတယ်
အော်... အမတ်ကျိုး ရဲ့သမီး လက်ထပ်ပွဲပဲ မြို့အုပ်၀မ်ခေါင်းငြိမ့်လိုက်တယ် သူမသွားချင်ဘူး ဒီလိုပွဲတွေမတက်တာကြာပြီဆိုပေမဲ့လည်း ဂုဏ်ပြုစကားလေး
ဟိုဟိုဒီဒီလေးပြောပြီး ပြီးသွားတာပဲကို အချိန်တောင်ကုန်သေးတယ် မဂ်လာလက်ဖွဲ့လေးတော့ပို့ပေးလိုက်ဦးမှပဲလေ။"ဟာ... wedding dinner လား"
"အင်း"
"ကျန့်ကျန့်တို့တုန်းကဒီလိုတောင်မလုပ်ဘူးနော်...."
"...."
"ကျန့်ကျန့်သွားချင်တယ် လိုက်ပို့ပေးပါလားဟင်..."
"ငါမအားဘူး... မင်းတစ်ယောက်ထဲသွားချင်ရင်သွားပေါ့ ကျင်းရန်ကိုခေါ်သွားလေ..."
"မြို့အုပ်၀မ်က...ကျန့်ကျန့်ကိုတစ်ယောက်ထဲလွှတ်တယ်ပေါ့ ကျန့်ကျန့်ပြန်ပေးဆွဲခံလိုက်ရရင်ဘယ်လိုလုပ်မလဲ..."
YOU ARE READING
Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)
Fanfictionမြို့အုပ် ficကိုမှ AOB typeလေးရေးကြည့်ထားတာပါ အားပေးကြပါဦးနော်